Episode - 8(Unicode)

8.7K 618 21
                                    

"ဟဲ့ စားလေ ထမင်းချိုင့်ထဲလှေလှော်နေတာလား ဇွန်းတစ်ချောင်းနဲ့ "
(ပိုပို)

"မဟုတ်ပါဘူး ငါစားချင်စိတ်မရှိဘူး"
(နှင်း)

"နင်ဘာဖြစ်နေတာလဲ"
(၀တီ)

"နင်တစ်ခုခုတော့တစ်ခုခုပဲ ငါထင်တာမမှားရင် ဆရာမကြောင့်ဖြစ်မယ်"
(ညိုမီ)


"ဘယ်ဆရာမလဲ ညိုမီ"
(ပိုပို)

"အေးဟေ့ခုမှလည်းမထူးတော့ပါဘူး ငါကတီချယ်ဖူးငုံပွင့်ခေါ် ငါတို့အဆောင်မှုးကိုကြိုက်နေတာ နှင်းက အတန်းပိုင်ကိုကြိုက်နေတာ"
(မျက်နှာတည်ကြီးဖြင့်ပြောချလိုက်သောညိုမီ)

"ဟာ.....ဟုတ်‌ရဲ့လား"
(ပိုပို)

"နင်နောက်မနေနဲ့ညိုမီ မရယ်ရဘူး"
(၀တီ)

"နောက်စရာလား ဒါကရင်ထဲကကိစ္စတွေဟ"
(ညိုမီ)


"ဟယ်.....ငါနဲ့ပိုပိုကနှင်းကြိုက်နေတာစိတ်ထဲကထင်နေပေမယ့် နင်ပါပါနေမယ်မထင်ဘူးညိုမီ"
(၀တီ)

"ဒါဆိုနင်တို့က Lesbianသူငယ်ချင်းတွေဖြစ်ကုန်ကြပြီပေါ့"
(ပိုပို)

"ဟီး......နင်တို့နှစ်ကောင်သိရင်ငါ့ကိုဝိုင်းဟားကြမှာစိုးလို့မပြောခဲ့တာ"
(ညိုမီ)


"ဒါငါးတန်းကတည်းကပေါင်းလာတဲ့ငါတို့ကိုအထင်သေးလိုက်တာပဲညိုမီ"
(ပိုပို)

"အေးလေ နင်တို့တွေ Lgbtဖြစ်တာနဲ့ငါတို့ကဝိုင်းဟားစရာလား ချစ်တာပဲလေဘာဖြစ်လဲအပြစ်လုပ်တာကျလို့"
(၀တီ)


"ဟဲ့ ငါတို့ချည်းပြောနေတာ နင်လည်းပြောပါဦးနှင်းရယ်လူသေကြီးလိုပဲတောင့်တောင့်ကြီးလုပ်နေ"
(ပိုပို)


"အေးလေ နှင်းရယ် နင်ဖြစ်နေတာငါတို့ကိုပြောပြမှငါတို့တစ်ခုခုလုပ်ပေးလို့ရမှာပေါ့"
(၀တီ)


"အေးလေဟာ ပြောစမ်းပါဟာ နင့်ကြည့်ရတာငါတို့ပါစိတ်မချမ်းသာဘူး"
(ညိုမီ)


"နင်တို့သိချင်ရင်ပြောပြမယ် နားထောင်"
(နှင်း)

ညိုမီနေကြာပန်းစည်းပေးသည့်နေ့ကစပြီးတီချယ်ဒေါ်သက်ဝေက မိမိကိုသိသိသာသာရှောင်နေကြောင်း၊ယင်းမာဆောင်ရှေ့တွင်သူနှင့်ပက်ပင်းတိုးသည့်အခါများတောင်ပြုံးပြခြင်းအလျှင်းမရှိပဲ မျက်စောင်းမိုးများသာတဖြိုင်ဖြိုင်ရွာသွန်းနေကြောင်း၊အတန်းစာသင်ချိန်၌လည်းမျက်လုံးချင်းဆုံမိလျှင်တစ်ဖက်သို့မျက်နှာလွှဲသွားတတ်ကြောင်း၊သူ့အချိန်သွားကြိုလျှင်လည်းခြင်းပေးလွှတ်ပြီးလူကနောက်မှလိုက်လာမည်ဖြစ်ကြောင်းပြောလွှတ်သည်။ထိုအကြောင်းအရာများကို၀မ်းနည်းပက်လက်ပြောပြနေပြီးနောက် -

မေတ္တာရေချမ်း ဘယ်မှာခန်း(Completed)Where stories live. Discover now