အဝေးကကြည့်နေရသော နှင်းအဖို့ ကိုယ်တိုင်ချစ်ရေးဆိုကာ ကြည်နူးနေရသကဲ့သို့ခံစားရသည်။တီချယ်ငုံနှင့်ညိုမီအဆင်ပြေသွားသည်ကိုမြင်ရ၍ နှင်းပါမျက်ရည်ဝဲလာပြီး မြန်မြန်လက်ဖြင့်သုတ်လိုက်သည်။ထိုစဉ်နောက်က ဖက်ကနဲနှင်းကျောကိုရိုက်လိုက်၍ ဒေါသတကြီးပြန်လှည့်လိုက်ရာ သူမဖြစ်နေသည်ကိုတွေ့လိုက်ကာ -
"သူငယ်ချင်းနဲ့ဆရာမကိုအရောက်ပို့နေတာပေါ့ဒါက"
"အဲ....ဟုတ်ပါတယ် ဒါပေမယ့်ညိုမီကမိကောင်းဖခင်သားသမီးပါ တီချယ်ငုံကံကောင်းပါတယ်"
"လူကြီးကျလို့သူ့ကိုယ်သူ"
"မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့"
"မသိရင်သူ့သမီးကိုအိမ်ထောင်ချပေးလိုက်ရတဲ့အမေလိုလို"
"တီချယ်ကပြောတော့မယ် နှင်းက ညိုမီအတွက်ရော တီချယ်ငုံအတွက်ပါပျော်လို့ပါ"
"ဖူးငုံကိုဟိုလိုလိုဒီလိုလိုခေါ်သွားကတည်းက မရိုးသားလို့လိုက်ကြည့်တာ"
"ထင်တဲ့အတိုင်းမြှားနတ်မေလုပ်နေတာ"
"မြှားနတ်မေက မကောင်းဘူးလား တီချယ်"
"ချစ်ခြင်းတွေကိုဖန်ဆင်းပေးတဲ့နတ်တစ်ပါးလေ"
"တီချယ်ရော ညိုမီနဲ့တီချယ်ငုံကိုသဘောမတူဘူးလား"
"အဲ့တာဖူးငုံသဘောလေ ကျုပ်ကချိုတယ်လည်းမပြောဘူးခါးတယ်လည်းမပြောဘူး"
"အပျိုကြီးတွေများ လက်ပေါက်ကပ်ချက်"
(နှုတ်ခမ်းလေးတွန့်ချိုးကာပြောရင်း)"ကိုယ့်ဆရာမကိုယ်ပြောပြန်ပြီ"
"ပြောဦး ပြောဦး"
(နှင်းဗိုက်ခေါက်လေးကိုလိမ်ဆွဲလေသည်)"အား......တီချယ်ကလက်ကအရင်ပါတာပဲအမြဲ"
"နာတယ် လွှတ်ပါတော့ မကြိုက်ဖူးဆို နှင်းမခေါ်တော့ပါဘူး"
"သမီးလေ တီချယ်ငုံတို့နှစ်ယောက်ကိုကြည့်ရင်းစိတ်ကူးယဉ်မိတယ်သိလား"
"အမယ်.....စိတ်ကူးကယဉ်တတ်သေးတယ်ပေါ့"
"သမီးကညိုမီနေရာ တစ်ဖက်က တီချယ်ငုံနေရာမှာ သနပ်ခါးပန်းတွေဝေနေအောင်ပန်ထားတဲ့အဒေါ်ကြီးတစ်ယောက်"