Episode - 14(Unicode)

9.6K 582 6
                                    

မိုးကသဲသဲမဲမဲရွာနေပြီး အဆောင်တစ်ခုလုံးမီးမှိတ်အိပ်နေကြသည့်အချိန်တွင် အဆောင်အောက်က တံစက်မြိတ်တွင်မှောင်ကြီးမဲမဲငုတ်တုတ်ထိုင်ကာ ကျလာသောရေစက်ကလေးများကို ဆော့ကစားလျက်သီချင်းသည်းနေသံသဲ့သဲ့လေးတစ်ခု......မိုးရွာသည့်အခါအလိုလိုအိပ်မပျော်တော့၍ မိုးသံများကိုနားထောင်နေသူတစ်ယောက်.....မိုးသံများကြားအိပ်မပျော်ခြင်းများဖြင့်အခန်းမီးဖွင့်ကာ တံခါးဖွင့်ပြီးခြေညောင်းလက်ဆန့်လုပ်လေသည်။

ခြေညောင်းလက်ဆန့်လုပ်ရင်းသူမ နှင်းတို့အခန်းလေးကိုကြည့်လိုက်မိသည်။ဒီအချိန်ဆိုမိုးအေးအေးနှင့်ထိုကလေးအိပ်နေလောက်ပြီပေါ့.......အိပ်နေသည့်မျက်နှာလေးကိုမြင်ခွင့်ရသည့်နှင်းလက်ဒဏ်ရာရသည့်နေ့လေးကိုပြန်မြင်ယောင်မိသည်။ထိုကလေးမလေးကို ကြည့်နေရင်း နမ်းပစ်ချင်သည့်စိတ်များကိုထိန်းထားရသည့်ထိုည......တစ်ခါတစ်ခါကြည့်နေရင်း ဒေါသထွက်မိသည့်အချိန်များလည်းရှိသည်။ဆရာမများ၏အချစ်တော်ကလေးဖြစ်သည့်အလျောက် ဘယ်နေရာရောက်ရောက် ထိုကလေးကိုချစ်ကြသောဆရာများကိုမြင်နေရသည်မှာ သူမနှလုံးသားသို့မီးတောက်တစ်ခုနှင့်ထိုးဆွသည့်နှယ်ခံစားရသည်။

သို့ဖြစ်၍ထိုကလေးမအပေါ် မကြာခဏဆိုသလိုစိတ်တိုမိသည်။ဤအရာသည်စိတ်ဆိုးသင့်သည့်အကြောင်းအရင်းမဟုတ်သော်လည်း ထိန်းချုပ်ရခက်သောစိတ်တို့ကြောင့် ထိုကလေးမကိုမာမာထန်ထန်ဆက်ဆံမိသည်။အရာရာသည်စိတ်ထဲကမပါသော်လည်း ပြောမိဆိုမိသည်။ပြောဆိုပြီးလျှင်လည်း ထိုကလေးစိတ်တွင်ဒဏ်ရာအနာတရဖြစ်မည်ကိုလည်း ထပ်တိုးပူပန်မိပြန်သည်။အစိုးမရသောစိတ်နှင့်သံယောဇဉ်ပါးပါးလေးသာအုပ်ထားသော အချစ်စိတ်တို့က တိုးထွက်ချင်နေခဲ့ပြီ........

မိုးစက်များကို၀ရန်တာမှကြည့်နေရင်းအဆောင်အောက်ထပ်သို့အပေါ့သွားရန် ထီးလေးယူကာ လက်နှိပ်ဓာတ်မီးနှင့်လှေကားမှဆင်းလာခဲ့သည်။အပေါက်၀ရောက်သောအခါမိမိရှေ့တွင်ငုတ်တုတ်ထိုင်နေသောအရိပ်တစ်ခုကိုတွေ့ရသည်။ညကြီးမှောင်မှောင်မဲမဲမို့လူစိမ်းလား ကျောင်းသားလားသိရအောင် ဓာတ်မီးထိုးကြည့်လိုက်ရာ မိန်းကလေးတစ်ယောက်ဖြစ်၍ အသံပြု၍ -

မေတ္တာရေချမ်း ဘယ်မှာခန်း(Completed)Where stories live. Discover now