Episode - 16(Unicode)

8.8K 651 34
                                    

လျှပ်စစ်ဘဲလ်သံကြားရသည်နှင့်တစ်ပြိုင်နက် အတန်းအသီးသီးမှကျောင်းသားကျောင်းသူလူတန်းကြီးများက Assemblyကွင်းပြင်၌ ဟိုတစ်စုဒီတစ်စုလှုပ်လှုပ်ရွရွဖြစ်လာကြသည်။ခဏအကြာတွင် လှုပ်လှုပ်ရွရွလူတန်းကြီးများက စတုရန်းပုံစံလူစုလူဝေးကြီးအဖြစ်ပြောင်းလဲသွားကာ ဘင်ခရာကြားသည်နှင့် နိုင်ငံတော်သီချင်း၊မြန်မာ့ကျောင်းသီချင်းတို့ကိုသံပြိုင်သီဆိုကြလေသည်။

သီချင်းနှစ်ပုဒ်ကိုဆက်တိုက်သီဆိုပြီးနောက် ဘင်ခရာတီးဝိုင်းကနောက်သီချင်းတစ်ပုဒ်အတွက်အချက်ပေးလိုက်ရာ လက်ခုပ်ပြိုင်တူတီးလျက်ကျောင်းသားအုပ်ကြီးဆီမှ သီချင်းဆိုသံထွက်ပေါ်လာသည်။ ဇာတိမာန်သီချင်းမှာ ဘင်ခရာသံနှင့်စည်းဝါးကိုက်ညီစွာ မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာခဲ့သည်။Assemblyစီလျှင်ညိုမီနှင့်နှင်းကတစ်တွဲ ပိုပိုနှင့်၀တီကတစ်တွဲရှေ့နောက်စီကြလေသည်။ကျန်သုံးယောက်ကစိတ်ပါလက်ပါ သီချင်းလိုက်ဆိုနေ‌ကြသော်လည်း နှင်းကလူအုပ်ကြားထဲတွင် လက်ခုပ်သာတီးနေ၍ သီချင်းကိုဝါးချလေသည်။

Assemblyစီလျှင် ကိုယ့်အတန်းရှေ့တွင်အတန်းပိုင်ဆရာမများကမတ်တပ်ရပ်ကာ သီချင်းစဆိုလျှင် ကျောပေးထားရာမှ ကျောင်းသားတန်းဘက်သို့ မျက်နှာမူထားရသည်။သီချင်းလိုက်မဆိုပဲ ယောင်ဝါးလုပ်နေ သောနှင်းကိုသူမထိပ်ဆုံးကနေလှမ်းကြည့်နေလိုက်ပြီး Assembly စီပြီး၍ တန်းဖြုတ်လိုက်ကာမှ နှင်းနှင့်ညိုမီဘေးသို့ကပ်လိုက်လာခဲ့သည်။နှင်းလည်းထိုကဲ့သို့ဘေးတွင်တူတူထားကာ သွားနေရခြင်းကိုစိတ်ထဲတစ်မျိုးဖြစ်နေသည်။ခါတိုင်းကဲ့သို့နားနေခန်း၀ရောက်သောအခါ ညိုမီ ပိုပိုနှင့်၀တီတို့ကအပေါ်ထပ်တက်သွားပြီး နှင်းကသူမအချိန်ဖြစ်၍ ရပ်စောင့်နေခဲ့သည်။

အခန်းတွင်း၀င်သွားပြီး ခြင်းကိုဆွဲယူလာရာ နှင်းကအလိုက်သင့် ကြိမ်ခြင်းလေးကိုယူလိုက်ပြီးအခန်းဆီသို့တက်ကြလေသည်။အခန်းပေါက်ရောက်ခါနီးတွင် နှင်းပခုံးကိုဆွဲလိုက်ကာ -

"ခုနက ဘာလို့ဝါးချနေတာလဲ"

"ဘာကိုဝါးရမှာလဲတီချယ် မုန့်စားဆင်းချိန်မှမဟုတ်ပဲ"

မေတ္တာရေချမ်း ဘယ်မှာခန်း(Completed)Where stories live. Discover now