အိမ်ပြန်ရောက်ရောက်ချင်း အခန်းထဲတွင်ဗြောင်းဆန်အောင်ပေါက်ခွဲပစ်လိုက်တော့သည်။ရှိသမျှပစ္စည်းအကုန်ပေါက်ခွဲကာ သောင်းကျန်းနေ၍ဘကြီးမှုန်က ဦးသိန်းထိုက်အားပြေးခေါ်ရာ ဒေါ်သူဇာဘုန်းမြင့်ပါပါလာပြီး -
"ဟဲ့ ရပ်စမ်း နှင်းဒဏ္ဍာရီ"
"နင်ဘာတွေအရူးထနေတာလဲ"
"ဘာ.....အရူးထတယ်ဟုတ်လား"
"သူများသားသမီးကိုစော်ကားချင်တိုင်းစော်ကားပြီး နှင်ထုတ်ခဲ့ကြပြီးအခုလည်းသူတို့မဟုတ်သလိုပါပဲလား"
"ပါးစပ်ပိတ်ထားစမ်း သမီး"
"မပိတ်နိုင်ဘူးဖေဖေ ဖေဖေအချိန်တိုင်းငွေနောက်လိုက်တယ် သမီးအတွက်ပါဆိုတဲ့စကားနဲ့နှစ်သိမ့်တယ်"
"အခုလည်း ငွေနဲ့ပေါက်ပြန်ပြီ သမီးအတွက်ဆို"
"တကယ်ကဖေဖေတို့အကျိုးအတွက်ပေါက်လိုက်တာပါ "
"ရန်နိုင်အဖေနဲ့စပ်တူလုပ်ငန်းတွေထပ်ချဲ့ပြီးဖေဖေ့အင်ပါယာကိုထပ်ချဲ့ကြမလို့ပဲ"
"ဒါတွေကိုအရင်ကသိပေမယ့်မပြောခဲ့ဘူး"
"ဖေဖေတို့ကိစ္စပဲဆိုနေခဲ့တာ"
"ဖေဖေရောမေမေပါစီးပွားရေးအတွက်ငွေကုန်းရှာနေတဲ့အချိန်မှာ သမီးလိုအပ်နေတာမေတ္တာတရား မေတ္တာတရား"
"အဲဒါကိုတီချယ့်ဆီကရခဲ့တာ"
"အခုမှဒီစကားတွေပြောရတာကလည်း မေမေတို့လွန်လာလို့"
"မေမေတို့သဘောမတူချင်နေပါ သမီးလမ်းသမီးလျှောက်မယ်"
"နှင်းဒဏ္ဍာရီ ပြောလို့မရဘူးလား"
"သူ့ကိုအခန်းထဲပိတ်ထား သူဇာ"
"ဟုတ်ကဲ့ကိုကို"
နှင်းဖုန်းပါအသိမ်းခံရပြီး အကျယ်ချုပ်ဘ၀ပါရောက်ရလေသည်။နှင်းလည်းဘာကိုမှလုပ်ချင်စိတ်မရှ်ိပဲအခန်းအောင်းကာ ချစ်ရသူနာမည်ကိုသာမြည်တမ်းနေတော့သည်။သူ့အတွက်မရှိတဲ့အပြစ်ကိုအစွပ်စွဲခံပြီး အဝေးကိုထွက်ပြေးသွားသောထိုအမျိုးသမီးကိုတွေ့သည့်အခါ ခြေသလုံးဖက်တောင်းပန်ရပေမည်။မိမိမိဘများ၏ဓနကြောင့်လွင့်စင်သွားသော ထိုအချစ်ပန်းလေးတစ်ပွင့်ကို တယုတယကောက်ယူသိမ်းထားပေးချင်သည်။