ဝမ်မင်ယီ၏ ပရိသတ်များက ချက်ချင်းတုံ့ပြန်ကြသည်။

( နင်တို့က ငတုံးလား ... ဒီလိုအချိန်မှာ ရိုက်ကူး‌ရေးအဖွဲ့က ကျန်းဇီမော့က ဒီဇာတ်ကောင်ကို ခိုးပါတယ်လို့ ပြောပါ့မလား ... ရုပ်ရှင်မှာ ရင်းနှီးမြုပ်နှံထားတာတွေ ဆုံးရှူံးကုန်မှာပေါ့ )

နှစ်ဖက်လုံးက အဆုံးမရှိ အငြင်းအခုံဖြစ်နေခဲ့ကြသည်။ ဖြတ်သွားဖြတ်လာများကပင် ကျန်းဇီမော့၏ microblogအောက်တွင် ဆူပူကြိမ်းမောင်းကြသည်။  ကျန်းဇီမော့က ထိုအချိန်တွင် ပရိသတ်များများ မရှိသေးပေ။ ထို့ကြောင့် ကျောက်ရှောင်ဟွေးက ရေတပ်ကိုဝယ်ပြီး reviewများကို ထိန်းချုပ်ရာတွင် ကူညီပေးခဲ့သည်။ သို့ရာတွင် စက်ရုပ်များက လူသားများ၏ လှုပ်ရှားမှုနှင့် မယှဉ်နိုင်ပေ။ နောက်ဆုံးတွင် ကျန်းဇီမော့ကို ဖျော်ဖြေရေးနယ်ပယ်ထဲကပါထွက်သွားရန် ပြောလာကြသည်။

ထို့ကြောင့် တစ်နေ့တာကုန်ဆုံးခါနီးတွင် ကျန်းဇီမော့၏ ကွန်းမန့်များ ပိတ်လိုက်ရသည်။

ကွန်းမန့်များကို မမြင်နိုင်သော်လည်း ခန်ကျယ်ကဲ့သို့လူအချို့ကို တွေ့နိုင်သေးသည်။

ခန်ကျယ်က "a day of disappearance" ၏ အရေးကြီးသူတစ်ယောက်ဖြစ်ပြီး ဇာတ်လမ်း အောင်မြင်ရန် အဓိကလူတစ်ယောက်လည်းဖြစ်သည်။ ထို့ကြောင့် ကြေညာချက်ထဲတွင် သူ၏အခန်းများစွာကို ဦးစားပေးရိုက်ကူးထားကြောင်းများလည်း ပါဝင်သည်။ သို့ဖြစ်၍ ရိုက်ကူးရေးစတင်သောနေ့တွင် ကျန်းဇီမော့က သူ၏ပြိုင်ဘက်ကိုတွေ့ရတော့သည်။

၎င်းက သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။ ငွေကုန်ကြေးကျများမှုနှင့် အလုပ်ရှုပ်သက်သာစေရန် တူညီသောအခန်းတစ်ခုကို ဒါရိုက်တာများက တူတူရိုက်ကူးကြသည်။ တစ်ခုပြီးမှသာ နောက်ထပ်ရိုက်ကွင်းတစ်ခု ကူးမည်ဖြစ်သည်။ ခန်ကျယ်က အမျိုးသမီးဇာတ်ဆောင်နှင့် အမျိုးသားဇာတ်ဆောင်နှစ်ယောက်နှင့်အခန်းရိုက်ကူးပြီးသောအခါ ကျန်းဇီမော့နှင့် ရိုက်ကူးရန်အလှည့်ရောက်လာသည်။

သို့ရာတွင် ကျန်းဇီမော့က ရုပ်ရှင်များအကြောင်း သေချာမသိပေ။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now