ဝမ်မင်ယီ   သူ့လက်ထဲက ပြက္ခဒိန်ကို ကြည့်ပြီး အရှိန်လျှော့ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့အရင်ဘဝတုန်းက ဤအချိန်မှာသေသွားခဲ့၏။ အကယ်၍ အရာအားလုံးက ပုံသေ သတ်မှတ်ထားပါလျှင် ယခုအချိန် သူကျန်းဇီမော့ဆီသို့ ထပ်ပြီးသွားလိုက်သည်နှင့် သူထပ်ပြီးသေ သွားနိုင်လေသည်။

မတန်ဘူး။ ဒီတော့ ခဏစောင့်ကြတာပေါ့ဟု ဝမ်မင်ယီ တွေးလိုက်၏။

သူကြေငြာချက်တွေအကုန်လုံးက်ု တွန်းဖယ်ပြီး
စစ်ကျွင်းတောက်နှင့်အတူ ဝင်လိုက်ထွက်လိုက်လုပ်နေခဲ့သည်။ ဤရက်များတွင် သူမတော်တဆဖြစ်ပါက၊ သူမသေဆုံးမီ စစ်ကျွင်းတောက်အတွက် မက်ဆေ့ခ်ျတစ်စောင်တောင် ချန်မထားခဲ့နိုင်မှာကို စိုးရိမ်သောကြောင့်ဖြစ်လေ သည်။ စစ်ကျွင်းတောက်သည် သူနှင့်အတူ အဝင်အထွက် လုပ်ရသည်ကိုကျင့်သားရနေပြီ ဖြစ်သော်လည် ဘာမှ မပြောဘဲ "မင်း အလုပ်မလုပ်တာလား... ကျောင်း မသွားတာလား" ဟု မေးလိုက်သည်။

"လတ်တလောမှာ အတန်းမရှိဘူး"
ဝမ်မင်ယီက မျက်တောင်မခတ်တမ်း လိမ်ညာလိုက်၏။
  "အိမ်မှာ စာဖတ်ဖို့ပဲလိုတာ"

သူ့အဆင့်တွေကကောင်းနေကာ စစ်ကျွင်းတောက်လည်း သူ့အားရှက်သွားအောင်မလုပ်ချင်သဖြင့် မျက်စိစုံမှိတ်ပြီး သူ့ကိုလွတ်ပေးလိုက်သည်။

သို့သော် ဝမ်မင်ယီ  မထင်မှတ်ထားသည့်အရာမှာ ကျန်းဇီမော့ လုပ်နေတာတွေကို သူမသိသော်လည်း ကျန်းဇီမော့က  သူ့လှုပ်ရှားမှုများကို ကောင်းကောင်းသိလေသည်။ ၎င်းကို သိရုံသာမက မနာလိုလည်း ဖြစ်နေ၏။ ဝမ်မင်ယီ သူ့ရှေ့တွင် အခြားနည်းလမ်းဖြင့်ပေါ်လာတာကိုလည်း မနာလိုပြီး လူများစွာက ဝမ်မင်ယီကို  နှစ်သက်နေကြတာကိုလည်း မုန်းတီးလေသည်။

ဒီလူတွေ မျက်စိကန်းနေတာလား! ကျန်းဇီမော့ နားမလည်နိုင်အောင်ဖြစ်နေသည်။ ဝမ်မင်ယီလို လူကို ဘာလို့များ သဘောကျနေကြတာလဲ! သူ့လိုကောင်မျိူးက idolဖြစ်ဖို ဘာအရည်အချင်းရှိလို့လဲ! သူနဲ့မထိုက်တန်ဘူး!

ကျန်းဇီမော့က  သဲသဲမဲမဲပင်ဒေါသထွက်နေပြီး အင်တာနက်ပေါ်တွင်  ဝမ်မင်ယီ၏ရုပ်ရည်မှစ၍ အကျင့်စရိုက်အထိ စီတန်းကာ အမည်းရောင်ပို့စ်များစွာကို တင်ခဲ့သည်။
(T/N–black post ကအပြစ်တင်၊ကဲ့ရဲ့၊ဝေဖန်၊ရှုံ့ချ အဲ့လိုမျိူး  မကောင်းမကန်းတွေရေးတင်တာပါ)

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now