သူလူရွေးပွဲဝင်ဖြေမည့် ဇာတ်ကောင် သည်  ဇာတ်ကားထဲတွင် နံပါတ်သုံး အမျိုးသားဇာတ်ဆောင်   ဖြစ်သည်။ ဇာတ်ကွက်တွေ အများကြီးမရှိသော်လည်း နည်းလည်းမနည်းလှပေ။

ချင်ခယ့် သည် ကွယ်လွန်သူ၏ညီဖြစ်သည်။ တက္ကသိုလ်တက်ရန်အတွက်  ဒီမြို့ကိုလာခြင်းဖြစ်ပြီး ကားပေါ်ကဆင်းကာ သူ့အစ်ကိုဆီ အပြေးသွားခဲ့သော်လည်း  အစ်ကိုဖြစ်သူ သေဆုံးသွားကြောင်းကိုသာ တွေ့လိုက်ရ၏။ သူ့အစ်ကို မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားတယ်ဟု လူတိုင်းက ပြောကြပေမဲ့ သူကတော့ထိုသို့ မထင်ပေ။

အစ်ကိုဖြစ်သူ ကျန်ရစ်ခဲ့သည်  အကြွင်းအကျန် များကို သေသေချာချာစစ်ဆေးပြီး သဲလွန်စတွေရှာရင်းဖြင့် အလားတူ  ဒီကိစ္စကို စုံစမ်းစစ်ဆေးနေသည့်  ဟဲ့မင်နှင့် တွေ့ဆုံခဲ့သည်။ ချင်ခယ့် က ဟဲ့မင်ကို သံသယရှိနေပြီး ဟဲ့မင်က သူ့ကိုယ်သူ သံသယရှိနေသော်လည်း  ဟဲ့မင်က သူကိုယ်သူ သံသယရှိနေသည့်အကြောင်း ချင်ခယ့်အား  အသိမပေးဝံ့ခဲ့သလို ချင်ခယ့်ကလည်း  သူ, သူ့ကိုသံသယရှိနေသည့်အကြောင်း ဟဲ့မင်အား အသိမပေးဝံ့ပေ။ နှစ်ယောက်သား မျက်နှာပေါ်တွင် ပြုံးနေကြသော်လည်း  တစ်ယောက်ကို တစ်ယောက် သတိထားကာ စောင့်ကြည့်နေကြသည်။

ထိုသို့သော ကြိုတင်ကာကွယ်မှုဖြင့် ချင်ခယ့်သည် အသေးစိတ်အချက်များမှတစ်ဆင့် ဟဲ့မင် အပေါ် ရှိသံသယစိတ်များ တဖြေးဖြေးလျော့ပါးလာခဲ့သည်။ သူသည် ကိစ္စအားလုံးကို ပြန်လည်စုစည်းပြီးနောက် သူ၏သံသယမျက်လုံးများကို  ဟဲ့မင်၏ပတ်၀န်းကျင်ရှိလူများပေါ်သို့ပြောင်းထားလိုက်၏။

ဤဇာတ်ရုပ်သည် ဝမ်မင်ယီယခင်က သရုပ်ဆောင်ခဲ့သည့် ယွဲ့ချီနှင့်ဝမ်ချမ်ထက် ပို၍စိန်ခေါ်မှုဖြစ်ရာကျမည်မှာ သေချာလေသည်။ သူကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါလျှင်  သူ့ရဲ့သရုပ်ဆောင်အလုပ်က နောက်တစ်ဆင့်တက်ဖို့ကား မလွဲမသွေဖြစ်သည်ပင်။ ထို့ကြောင့်  ဝမ်မင်ယီ သည် audition မတိုင်မီ အနည်းငယ် စိတ်လှုပ်ရှားနေသေးသော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် ယုတ္တိရှိရှိတွေးခေါ်ခြင်း နှင့် ရာဇ၀တ်မှုဖြေရှင်းခြင်းဆိုင်ရာ စာအုပ်များနှင့် ရုပ်ရှင်များကို ဖတ်လေ့၊ကြည့်လေ့ရှိပြီး ဒီလိုဇာတ်လမ်းမျိူးကို  မည်သို့မည်ပုံသရုပ်ဆောင်ရမည်ကို တွေးတောကာ အိမ်၌ ကြိုတင်လေ့ကျင့်မှုများပင် ပြုလုပ်လေ့ရှိသဖြင့်  အရမ်းကြီးခက်ခဲမနေခဲ့။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now