စစ်ကျွင်းတောက်က  ပြုံးကာပြောလိုက်သည်။
"ကိစ္စမရှိပါဘူး...ဒါက မင်းအမေပဲလေ... သူ့ရဲ့ဩဇာကို ယူသုံးတာ ပုံမှန်ပါပဲ"

"ကျွန်တော်က အကျင့်ပါမသွားချင်ရုံပါ" ဝမ်မင်ယီက  တိုးတိုးလေးပြောလာသည်။

စစ်ကျွင်းတောက်   သူ့ခေါင်းလေးကို လှမ်းထိ လိုက်ပြီး
"အဆင်ပြေ ပါတယ်...နောင်မှာ ဒီလိုမျိုးတွေများလာတဲ့အခါ  ဒါကိုကျင့်သားရသွားမှာပါ"

ဝမ်မင်ယီက မယုံခဲ့ချေ။
" ပိုပြီးများလာနိုင်တယ်... တစ်နှစ်မှာ ၃၆၅ ရက် ရှိတာ...အိမ်မှာ သူဘယ်နှစ်ရက် နေနိုင်လို့လဲ"

စစ်ကျွင်းတောက် : ...

စစ်ကျွင်းတောက်   သူဒါကို ပြန်မချေပနိုင်တော့
ဟု ခံစားလိုက်ရသည်။

နှစ်ယောက်သား စကားနည်းနည်းမှ မပြောဖြစ်ကြတော့ပေ ။

ဝမ်မင်ယီသည်  ဓါတ်ပုံအကြာကြီးရိုက်ခဲ့ရသည် ။ ယခုအချိန်တွင် အတော်လေး ဗိုက်ဆာနေပြီဖြစ်၍  စစ်ကျွင်းတောက်အား အောက်ထပ်ကို ထမင်းစားရန်အတွက် အမြန်ဆွဲခေါ်သွားလိုက်၏။

စစ်မိသားစု၏ မိဘများသည် ယနေ့တွင် အိမ်၌မရှိကြပေ။ ဝမ်မင်ယီက သူစစ်ကျွင်းတောက်ကိုအဖော်ပြုရန်    စစ်အိမ်တော်တွင် နေမည်ဟုပြောလိုက်သည်။

ဝမ်ဝေ့  ခဏလောက်စဉ်းစားပြီး "ဒါဆို မားလည်း  ကျွင်းကျွင်းကိုအဖော်ပြုပေးမယ် "

"ကျွန်တော်နဲ့တင် လုံလောက်ပါပြီ... မားကို မလိုအပ်ဘူး"
ဝမ်မင်ယီက  မညှာမတာ ပြောချလိုက်၏။

ဝမ်ဝေ့  သူ့နဖူးကို လှမ်းထုလိုက်သည်။
"မရဘူးလား "

ထိုသို့ အတိမ်းအစောင်းမခံသည့် အခိုက်အတန့်တွင်  စစ်ကျွင်းတောက်က ထပြောလာသည်။ "ကိစ္စမရှိပါဘူး...မွေးစားအမေ  နေချင်ရင် အိမ်မှာပဲနေပါ "

"ကြားလား ...ကျွင်းကျွင်း က ငါ့ကို သူနဲ့အတူအဖော်ပြုပေးစေချင်နေတယ်"

ဝမ်မင်ယီ  ခေါင်းလှည့်ပြီး စစ်ကျွင်းတောက်ကို စိုက်ကြည့်လိုက်၏။

စစ်ကျွင်းတောက် : ...

စစ်ကျွင်းတောက်   သူ့ကို ပြုံးပြ ပြီး ချော့ရုံသာရှိတော့သည်။
"လိမ္မာလေကွာ "

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Où les histoires vivent. Découvrez maintenant