“ဒါတွေအားလုံးအတွက် သူတို့ကို ကျေးဇူးတင်ရမယ်၊  အဲလိုမဟုတ်ရင် ခွေးဟောင်သံတွေကို ကြားရင်တောင် ငလျင်လှုပ်မယ်လို့ တွေးမိမှာမဟုတ်ဘူး၊  တခြားလက္ခဏာတွေ တကယ်မရှိခဲ့ဘူး...”

စစ်ကျွင်းတောက် နားလည်သွားခဲ့သည်။ သူနားလည်သွားတာကြောင့် သူဘာကို ဆုံးရှုံးလုနီးပါးဖြစ်သွားခဲ့လဲဆိုတာကို ကောင်းကောင်းသိပြီး ပြန်လည်ကောင်းမွန်လာခဲ့သည်။

သူက ဝမ်မင်ယီကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ခေါင်းကို နမ်းလိုက်ကာ အသံကျယ်ကျယ်ဖြင့် နှစ်သိမ့်လိုက်သည်။

"အဆင်ပြေသွားပါပြီ၊ မကြောက်နဲ့တော့..."

ဝမ်မင်ယီ  သူ့စကားတွေကို နားထောင်ပြီးနောက်တွင် သူ့နှလုံးသားထဲရှိ ငြိမ်ကျသွားသည့် အကြောက်တရားများက သူ့ခေါင်းထဲကို ရောက်လာသည်။  သူက စစ်ကျွင်းတောက်ကိုကြည့်လိုက်ပြီး သူ့ကိုပွတ်သပ်လိုက်သည်။ သူ့ပုခုံးပေါ်ကို ခေါင်းဖြင့် ဝမ်းနည်းစွာ မှီလိုက်၏။

သူ လုံးဝ အကြောက်အလန့်ကင်းနေခဲ့တာတော့ မဟုတ်ပါ။  ဖြစ်ပျက်တော့မည်ကို သိလိုက်ရာမှစ၍ လွတ်မြောက်လာပြီးချိန်အထိ ဝမ်မင်ယီမှာ ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။

သူသေမှာကို ကြောက်သလို သူသေဆုံးသွားပြီးနောက်  စစ်ကျွင်းတောက်၏ စိတ်နေစိတ်ထား ထပ်ပြီး ပြောင်းလဲသွားမှာကိုလည်း ကြောက်သည်။

သူ့မှာ လုပ်စရာတွေ အများကြီးကျန်နေသေးသည်။  သူက ငယ်လွန်းသေး၏။  သူ ထိုမျှအလျင်စလို ထွက်မသွားချင်ပေမယ့် သူ့သဘာဝအရ တခြားသူတွေရှေ့မှာ အားနည်းချက်ကို ထုတ်မပြတတ်ချေ။  ထို့ကြောင့် သူသည် အကြောက်အလန့်မရှိသည့်ပုံဖြင့် ကားထဲတွင် တည်ငြိမ်စွာ ထိုင်နေခဲ့၏။

သူဘယ်လောက်ကြောက်နေခဲ့သလဲ သူကိုယ်တိုင်သာသိသည်။  သူ့နှလုံးသားတစ်ခုလုံး စစ်ကျွင်းတောက်ကို တောင့်တနေခဲ့ပြီး သူ့ကိုတွေ့မြင်ချင်ခဲ့သည်။

ဝမ်မင်ယီမှာ ငယ်စဉ်ကလေးဘဝကတည်းက သူ့ဝန်ကိုသူ ထမ်းလေ့ရှိသည်။  သူက သူ့ဝန်ထုပ်ဝန်ပိုးကိုသူ ထမ်းပိုးထားရင်း သူ့ကိုယ်သူ ကာကွယ်ကာဖြင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ကြီးပွားတိုးတက်မည့်လမ်းကို ဂုဏ်ယူစွာ လျှောက်ခဲ့သည်။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now