ဝမ်မင်ယီ : ! ! ! !

ဒါလုံးဝ မဖြစ်နိုင်ဘူး!ဒါကြီးက အရမ်းကို ဆိုးဝါး လွန်းတယ်။ စစ်ကျွင်းတောက်က သူနဲ့ဆိုက်ထဲကို လိုက်လာပြီး စစ်, ကုမ္ပဏီမှာ တစ်ခုခု ဖြစ်သွားရင် စစ်မိသားစုရဲ့ မိဘတွေကို သူ့မှာအပြစ်ရှိကြောင်း သွားပြီးအယူခံဝင်နေရမှာပေါ့!

“မဟုတ်ဘူး၊အဲ့လိုလုပ်ဖို့ မလိုပါဘူး...”

တစ်ချက်ကြည့်လိုက်သည်နှင့် စစ်ကျွင်းတောက် သည် ဝမ်မင်ယီအတွေးတွေလွန် နေမှန်း ပြောနိုင်သည် ။

"မင်းနဲ့ တစ်ချိန်လုံး မလိုက်ပါဘူး၊ မင်းရဲ့ ရိုက်ကွင်းနေရာနဲ့ အဲ့မှာရှိလူတွေကို သိရုံလောက် ပဲ၊ အဲ့ဒါမှ နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ငါ သတိထားမနေရမှာ..."

ဝမ်မင်ယီ  နားလည်သွားသည်။

“ဒါဆို ကျွန်တော်  လုံခြုံ ရဲ့လား၊ မလုံခြုံဘူး လားဆိုတာ ကြည့်ရုံပဲ မဟုတ်လား။ ကျွန်တော် အဆင်ပြေမယ် ဆိုတာ သေချာတာနဲ့ ကောပြန်သွားပြီး အလုပ်ဆက်လုပ်မှာ...ဟုတ်တယ်နော်"

“အင်း။”

ဤသို့ဖြင့် ဝမ်မင်ယီသည် စိတ်အေးလက်အေး ဖြစ်သွားသည်။

“ကျွန်တော် သေလုနီးပါးကြောက်သွားတာ ။ ကျွန်တော်ကြောင့်ကောရဲ့ကုမ္ပဏီကို စွန့်လွှတ်လိုက်မယ်လို့ ထင်ခဲ့တာ..."

“အဲ့လိုမလုပ်ပါဘူး..."
စစ်ကျွင်းတောက်က တည်ငြိမ်စွာ ပြောလာသည်။

"ကုမ္ပဏီမရှိရင် မင်းကို ထောက်ပံ့ဖို့ ငါဘာကိုသွားသုံးရမှာလဲ..."

ဝမ်မင်ယီက  သူ့ရင်ဘတ်ကိုယ်သူ ပုတ်ပြသည်။

"...အဲ့အချိန်ရောက်ရင်  ကျွန်တော် ကောကိုပြန်ပြီး ထောက်ပံ့ပါရစေ... ကျွန်တော့် မှာ ပိုက်ဆံရှိတယ်၊  လစာလည်းရှိသေးတယ်"

စစ်ကျွင်းတောက် က သူ့ကို ငါးအသားတစ်ပိုင်း ပေးလိုက်သည်။
"ဒါဆို မင်းအလုပ်ကြိုးစားရမယ်နော်~"

“စိတ်မပူပါနဲ့။ အနာဂတ်မှာကောက ပန်းအလှလေးတစ်ပွင့်အဖြစ်နေဖို့ပဲတာဝန်ယူ။ မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံရှာဖို့ကို ကျွန်တော်ပဲ တာဝန်ယူမယ်"

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now