လက်ထဲတွင် စီးကရက်ကို ထည့်ထားလျက် လိမ္မော်ရောင်ကြောင်လေးကို နှစ်ကြိမ်ခန့်ကြည့်ကာ ပြောလိုက်သည်။
" မင်း ဘယ်တုန်းက ကြောင်မွေးလိုက်တာလဲ ... သူက ချစ်စရာကောင်းပေမယ့် မင်းရဲ့ဆရာကြီးလုပ်တတ်တဲ့စရိုက်နဲ့ သိပ်မကိုက်ဖူးလားလို့ ..."

" စီးကရက်ကြီး ဖယ်ထားစမ်းပါ ...ငါ့ကြောင်လေးကို ဆေးလိပ်နံ့ ရှုခိုင်းနေတာလား ..."
စစ်ကျွင်းတောက် သူ့ကိုလျစ်လျူရှု့ပြီး ပြောလိုက်သည်။

ဝမ်ရှန့် : ......

စစ်ကျွင်းတောက် အလျင်လိုလာသည်။
" ဘာစောင့်နေတာလဲ ... ငါ ကူလုပ်ပေးရမလား ..."

ဝမ်ရှန့် ဆေးလိပ်ပြာခွက်ထဲသို့ ဆေးလိပ်ကို မီးငြှိမ်းနေစဉ်မှာပင် ပြောလိုက်သေးသည်။
" အဲ့ဒါ Chinese Gardenကြောင်လေးပဲ အရမ်းဈေးကြီးတယ် ..."

စီးကရက်ကို မီးငြှိမ်းပြီးသောအခါမှ စစ်ကျွင်းတောက်က ဝမ်မင်ယီကို ကြည့်ခွင့်ပေးသည်။

ဝမ်ရှန့်က သူ၏ခေါင်းလေးကိုထိရန် တွေးလိုက်ပြီး စိုက်ကြည့်နေသည်။ ဤအကောင်ပေါက်လေးက အတော်ချစ်စရာကောင်းပြီး လူမကြောက်ဟု တွေးနေလိုက်မိသည်။

" မင်း လက်ကိုဆေးဦး ...ဆေးလိပ်နံ့တွေ ရနေသေးတယ် ..."
စစ်ကျွင်းတောက် ထပ်ပြောပြန်သည်။

ဝမ်ရှန့် :  ......

ဝမ်ရှန့် ဘာပြောရမည်မသိအောင် ဆွံ့အသွားသည်။
" မင်း ရင်ခွင်ထဲမှာ ရှိနေတာ ကြောင်မှန်းသာမသိရင် ထိခိုက်လွယ်တဲ့ ပစ္စည်းတစ်ခုခုရှိတယ် ‌ထင်နေမှာ ... ကြောင်မွေးတာလား သားတစ်ယောက်မွေးထားတာလား ..."

စစ်ကျွင်းတောက် ဂရုမစိုက်ပဲ ပြောလိုက်သည်။
" သူက မင်းထက်ပို ဈေးကြီးတယ် ..."

ဝမ်ရှတ့် သန့်စင်ခန်းသို့သွား၍ လက်ဆေးပြီး အခြောက်ခံလာရသည်။ ထို့နောက် စစ်ကျွင်းတောက်ရှေ့တွင် လက်နှစ်ဖက်လုံးကို ထောင်ပြလိုက်သည်။
" ရပြီလား ..."

စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။

ဝမ်ရှန့် လက်ဆန့်ထုတ်ပြီး ကြောင်လေးကိုပွတ်သပ်ရငည့် ပျော်ရွှင်မှုကို ခံစားရန် ပြင်နေသည်။ ကြောင်လေးကို မထိခင်မှာပင် စစ်ကျွင်းတောက်၏လက်က ကာထားပြန်သည်။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now