"တခြားဘာများမှာချင်သေးလဲရှင်..."

"မမှာတော့ပါဘူး ကျေးဇူးတင်ပါတယ်"

"ကျေဇူးတင်စရာမလိုပါဘူးရှင်" ပြောပြီး သည်နှင့်လင်းမူ အခန်းထဲမှ ကျော့ရှင်းစွာထွက်သွားလိုက်သည်။

သူမထွက်သွားတာနဲ့ ဝမ်မင်ယီ ချက်ချင်း
ဆိုဖာပေါ်မှာ လှဲလျောင်းလိုက်သည်။သူကိစ္စတွေကိုဇာတ်ကြောင်းအတိုင်းပဲ လိုက်စေရမလား ပြင်ရမလားတွေးနေခဲ့သည်။

သူရဲ့လက်ပေါ်မှာ ခေါင်းကိုမှီပြီးတော့သူ့ရဲ့ ပြန်လည်ရှင်သန်ခြင်းနဲ့ ဝတ္ထုအကြောင်းကိုသိရတဲ့ အကြောင်းအရင်းကို စဉ်းစားနေခဲ့သည်။သူကသာမန်ပြန်လည်ရှင်သန်လာခဲ့သာတာ ဆိုရင်အခုချိန်မှာ ကျန်းဇီမော့  ကို
လက်စားချေဖို့အတွက်ရိုက်နှက်ဆုံးမဖို့ကို ဝန်လေးနေမှာမဟုတ်ဘူး။

ဒါပေမဲ့ ဖြစ်ချင်တော့ သူပြန်လည်မွေးဖွားမလာခင်မှာသူက ဝတ္ထုထဲကအရန်ဇာတ်ကောင်ဆိုတာကို သူသိခဲ့သည်။
ဒီကမ္ဘာပေါ်မှာ သူမိုးနဲ့မြေကို ကြိုက်သလိုတိုက်ခိုက်လို့ရတယ်။သို့ပေမယ့် သူသာ အဓိကဇာတ်ဆောင်နဲ့ ယှဉ်ပြိုင်ခဲ့ရင် အဓိကဇာတ်ဆောင်ကသာအကျိုးအမြတ်ကိုရိတ်သိမ်းသွားလိမ့်မည်။

သူကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေ၊anime တွေ၊
ဝတ္ထုတွေထဲက သွေးချွေးကျခဲ့တဲ့ဗီလိန်တွေက အောင်မြင်မှုနဲ့ ထင်ပေါ်ကျော်ကြားမှုက အဓိကဇာတ်လိုက်တွေ အတွက်ပဲဆိုတာကိုပြနေတယ်လေ။

အဓိကဇာတ်လိုက်နဲ့ ထိပ်တိုက်ယှဉ်
ဆိုင်လျှင်သေဆုံးခြင်းနဲ့သာအဆုံးသတ်
လိမ့်မည်။

ဒါမှမဟုတ်ရင် သူတို့က အဓိကဇာတ်ဆောင်ရဲ့ နောက်လိုက်ငယ်သားအဖြစ် ပြောင်းလိုက်တာကိုတောင် ခံရလိမ့်မယ်။
မဟုတ်ရင်တော့ အဆုံးသတ်ကတော့ သေဆုံးခြင်းသာ ဖြစ်ဆဲပင်။

ကျန်းဇီမော့ရဲ့ သူ့အပေါ် ခံစားချက်ကို ပြောင်းလဲပစ်ဖို့ဆိုတာဖြစ်နိုင်သလို သူကလည်း ကျန်းဇီမော့ ရဲ့ဖိနပ်ကိုလျက်မယ့်သူ ဖြစ်ရမယ့်အစား သေသာပစ်လိုက်မည်။
သူ တစ်ခေါက် ပြန်လည်မွေးဖွားလာပြီးပြီ။
သူရဲ့ နောက်အသက်တစ်သက်ကို
ကျန်းဇီမော့  ဆီမှာထပ်အဆုံးရှုံးမခံချင်တော့ဘူး။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Tahanan ng mga kuwento. Tumuklas ngayon