Chapter [65.2]

Zacznij od początku
                                    

တစ်ဖက်မှ အယုတ္တအနတ္တစကားများကို ဆက်ပြီးနားမထောင်လိုတော့သဖြင့် နဉ်ရှီလည်း ဖုန်းချပစ်လိုက်တော့သည်။

ရယ်စရာကောင်းတဲ့လူတွေ ပြုံပြီးရောက်ချလာတာပဲ.. ဘာဖြစ်ချင်နေကြပါလိမ့်..?

***

“ဒီခွေးမ..!” ဖုန်းချသွားသည့် ‘တီ.. တီ.. တီ’ မြည်သံကို ကြားလိုက်ရသဖြင့် ချန်း*ချီယန် ဒေါသထွက်သွားပြီး ဖုန်းကိုပင် နံရံသို့ ပစ်ပေါက်မိလုမတတ်။

“ဘာဖြစ်တာလဲ..? နဉ်ရှီက ငါတို့နဲ့ မပူးပေါင်းချင်ဘူးတဲ့လား..?” ရှဲ့ကျောင်းကျောင်းမှာ မျက်နှာပျက်ယွင်းနေသော သားဖြစ်သူကို ကြည့်ပြီး နားမလည်နိုင်ဖြစ်နေတော့သည်။ “ချန်းယီကျွင်းနဲ့ ရန်ငြိုးရှိတယ်မဟုတ်ဘူးလား..? ဘာလို့ ငါတို့နဲ့ မပူးပေါင်းချင်ရတာလဲ..?”

ရန်သူရဲ့ရန်သူက မိတ်ဆွေပဲလေ။ ဘာလို့ ဒီနည်းလမ်းက နဉ်ရှီပေါ်မှာ အလုပ်မဖြစ်ရတာလဲ..?

ချန်း*ချီယန်သည် နဉ်ရှီက သူတို့နှစ်ဦးကို အထင်သေးစက်ဆုပ်နေကြောင်း ရှဲ့ကျောင်းကျောင်းကို မပြောပြရဲပေ။ သို့ဖြစ်ရာ ဒေါသကို မြိုသိပ်ထားပြီး သူ့ရဲ့အမေကို ရှင်းပြလိုက်သည်။ “သူ(မ)က ကျွန်တော်တို့နဲ့ သိပ်မရင်းနှီးဘူးလေ.. ပြီးတော့ သူ့(မ)နောက်မှာ ချန်းရှီကွေ့လည်း ရှိနေတာဆိုတော့ ကျွန်တော်တို့နဲ့ မပူးပေါင်းချင်တာ သဘာဝကျပါတယ်..”

“အဲ့ဟာမမှာ ချန်းရှီကွေ့လို ရည်းစားမျိုးသာ မရှိဘူးဆိုရင် အမေလည်း သားကို ဖုန်းဆက်ခိုင်းမှာမဟုတ်ဘူး..” ရှဲ့ကျောင်းကျောင်းက အထင်သေးသလို နှာမှုတ်လိုက်ရင်း.. “သရုပ်ဆောင်လေးတစ်ယောက်က ဘာလုပ်နိုင်မှာမလို့လဲ..?”

ချန်း*ချီယန်က နားထောင်ရုံသာ နားထောင်နေပြီး ဘာမှပြန်မပြောခဲ့ပေ။

“ထက်မြက်တဲ့ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လိုအပိုင်သိမ်းရမလဲဆိုတာပဲ နားလည်ထားရင် ရပြီ..” ရှဲ့ကျောင်းကျောင်းက နုဖတ်နေသော သူမ၏လက်ချောင်းများကို ကော့ကြည့်လိုက်သည်။ သိပ်မကြာခင်ကမှ ဆေးဆိုးထားသော လက်သည်းတချို့ အနည်းငယ် အရောင်ပျက်သွားသည်ကို မြင်သောအခါ သူမက မျက်မှောင်ကြုတ်လိုက်ရင်း.. “အခု သား ကုမ္ပဏီထဲ ရောက်လာနိုင်ပြီဆိုတော့ ချန်း*ယီကျွင်းကို သတိထားရမယ်.. အဲ့အကောင် နောက်ကွယ်ကနေ လှည့်ကွက်တွေသုံးနေမှာပဲ ငါစိုးရိမ်တာ..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Opowieści tętniące życiem. Odkryj je teraz