ချီချီ : “ငါ့ကြောင့် နဉ်ရှီရဲ့အဖေ သေခဲ့ရတယ်.. ဟုတ်လား..? ငါက ကားနဲ့ဝင်တိုက်ခဲ့တဲ့လူ မဟုတ်ဘူးနော်.. နင်တို့အားလုံး အသရေဖျက်မှုနဲ့ တရားစွဲခံရမှာ မကြောက်ဘူးလား..?”

အင်တာနက်သုံးစွဲသူများ : “ဒီငတုံးမကို ကြည့်ကြပါဦး.. ရူးနေတာလားဟ..?!”

ဝေစစ်ချီ ပို့စ်ထပ်မတင်ခင်အထိ အင်တာနက်သုံးစွဲသူများသည် မည်မျှပင် ဒေါသထွက်နေပါစေ၊ ဆင်ခြင်တုံတရား ရှိကြသေး၏။ သို့သော် ဝေစစ်ချီက ဦးနှောက်မရှိဘဲ စွပ်စွပ်စွဲစွဲ ပြောလာသောအခါ အင်တာနက်သုံးစွဲသူများ၊ အထူးသဖြင့် နဉ်ရှီ၏ ပရိသတ်များလည်း ထိုမိန်းမ၏ လူလိုနားမလည်မှုကို သည်းမခံနိုင်ကြတော့ပေ။ ထို့ကြောင့် စတင်ရန်ဖြစ်ကြတော့သည်။

အင်တာနက်သုံးစွဲသူ 1 : “နင်ပြောနေတာတွေအားလုံးက နဉ်ရှီက နင့်ရဲ့ခင်ပွန်းလောင်းကို ကြိတ်ကြိုက်နေပါတယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းကြောင့်လား..? နင်က ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးလွန်းတာပဲ.. အရင်နှစ်တွေထဲက နင့်ခင်ပွန်းလောင်း ပတ်ရှုပ်ခဲ့တဲ့ သရုပ်ဆောင်အသစ်လေးတွေ၊ စာချုပ်ချုပ်ထားတဲ့ မော်ဒယ်လေးတွေဆိုတာ နည်းတာမဟုတ်ဘူး.. နင်ပဲ အဲ့လိုအကောင်မျိုးကို သဘောကျတာ.. နင်က အဲ့အကောင်ကို ရတနာတစ်ပါးလို သဘောထားတာနဲ့ပဲ နဉ်ရှီလည်း အဲ့လိုသဘောထားလိမ့်မယ်လို့ ထင်မနေနဲ့လေ.. အဲ့သခင်လေးချန်း*က ဥက္ကဋ္ဌချန်းရဲ့ လက်ညှိုးတစ်ချောင်းကိုတောင် ယှဉ်နိုင်လို့လား..? [ဓာတ်ပုံ]

ထိုအကောင့်ပိုင်ရှင်က ဓာတ်ပုံများစွာ တွဲတင်ခဲ့၏။ ထိုဓာတ်ပုံများထဲတွင် ချန်း*ယီကျွင်းသာ ဘုံပါနေပြီး တွဲဖက်မိန်းကလေးနေရာကတော့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားခဲ့သည်။

ချန်းရှီကွေ့နှင့် ချန်း*ယီကျွင်းကို နှိုင်းယှဉ်ပြလာသော အင်တာနက်သုံးစွဲသူများပင် ရှိလာခဲ့လေသည်။ နှိုင်းယှဉ်ချက်များအရ ဂုဏ်ထူးအရှိန်အဝါဖြစ်စေ၊ ဩဇာအာဏာဖြစ်စေ၊ သို့တည်းမဟုတ် မိသားစုအခြေအနေဖြစ်စေ ချန်း*ယီကျွင်းသည် ဥက္ကဋ္ဌချန်းကို တစ်နေရာလေးမျှ မယှဉ်နိုင်ခဲ့ပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now