ရိုက်ကွင်းတွင် အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက်တွင် အဖွဲ့သားအများစုသည် နဥ်ရှီအပေါ် ထင်မြင်ချက်ကောင်းကောင်းလေးတော့ ရှိနေကြပေသည်။ ထို့ပြင်၊ နဥ်ရှီ၏အတိတ်အကြောင်း သိလိုက်ရသောအခါ၌ စာနာမိတော့သည်။

သူတို့အားလုံးသည် နဥ်ရှီက ကျောင်းအကြမ်းဖက်မှု၏ သားကောင်ဖြစ်ခဲ့ရမှန်း သိခဲ့သော်လည်း သူမ ထိုသို့ အခြားနစ်နာသူများအတွက် ကောင်းနိုးရာရာလေးများ တိတ်တိတ်လေး လုပ်ပေးခဲ့သည်ကို လုံးဝသတိမထားမိခဲ့ချေ။ သူတို့သည် နဥ်ရှီ၏မိဘများ စောစီးစွာ သေဆုံးသွားသည်ကို သိခဲ့သော်လည်း ထိုသေဆုံးမှုများသည် သူမ၏ အတန်းဖော်များကြောင့်မှန်းတော့ မသိခဲ့ပေ။

နှလုံးသားနူးညံ့သော အဖွဲ့သားအချို့ဆိုလျှင် အဖြစ်မှန်ကြားချိန်က မျက်ရည်ပင် ဝဲသွားကြသည်။ နဥ်ရှီ၏ အထက်တန်းကျောင်းရှိ အတန်းဖော်များသည် အမှန်ကို ပြုပြင်၍ပင် မရချေ။

"နဥ်ရှီ၊ မင်း ရေနည်းနည်း သောက်ချင်လား?"
အမျိုးသားဇာတ်လိုက် ကောင်းလီက ရေဘူးတစ်ဘူးကို ယူလာခဲ့သည်။ နဥ်ရှီ ကြည့်လိုက်ကာ သူမသောက်နေကျ ဖြစ်သောကြောင့် ရေဘူးကိုယူလိုက်ကာ ကျေးဇူးတင်လိုက်၏။

"ရပါတယ်" နဥ်ရှီသည် ဤနေ့မနက် ဖြစ်ခဲ့သောပဋိပက္ခများအား မသိဟန်၊ တည်ငြိမ်နေသည်အား ကောင်းလီ သတိထားမိလိုက်သည်။ သူ အလိုလိုပင် သက်ပြင်းချလိုက်မိ၏။ သူမ ဤအကြောင်းအရာများ မသိခြင်းကပင် ပိုကောင်းပေသည်။ ထို မှောင်မိုက်ခဲ့သော အတိတ်အား ပြန်သွားဖို့ရန် နာကျင်လှပေလိမ့်မည်။

"တခြားလိုချင်တာ တစ်ခုခုများ ရှိလို့လား အစ်ကိုကောင်း?" သူမ ရေတစ်ငုံ သောက်လိုက်သည်၊ ကောင်းလီ သူမဘေးနားတွင် ရပ်နေသေးသည်ကို သတိထားမိလိုက်ကာ စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်မိလိုက်၏။

"ဘာမှ မဟုတ်ပါဘူး" ကောင်းလီ သူ၏ ခေါင်းကို ပုံမှန်မကျစွာပင် ငုံ့မိလိုက်သည်။ "ငါ တခြားအခန်းအတွက် ခံစားချက်တွေကို တိတိကျကျ မခံစားနိုင်သေးလို့ မင်းနဲ့ အတူတူ ပြန်လေ့ကျင့်ကြမလားလို့လေ"

"ကောင်းပြီလေ" နဥ်ရှီ အပြုံးလေးဖြင့် သဘောတူလိုက်သည်။ သူမ ရေဘူးကိုချလိုက်သည့် အချိန်တွင်ပဲ ရိုက်ကွင်းမန်နေဂျာသည် လင်ရှုကျဲထံ သုတ်သုတ် သုတ်သုတ် ဖြင့် ရောက်လာသည်ကို မြင်လိုက်၏။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now