Ep - 10

1.5K 91 10
                                    

( Unicode )

လီဆာ့ မိဘနဲ့ ဂျဲနီ မိဘ တွေ ဂျဲနီ အိမ်မှာ စကားပြောဖြစ်ကြတယ်။
လီဆာ့ ရဲ့ တဇွတ်ထိုးလုပ်ရပ်ကြောင့် မျက်နှာပူကြရပေမယ့်လည်း မပြောမပြီးမတီးမမြည် တဲ့ Case မို့ ရှေ့မျက်နှာနောက်ထားပြီး ပြောရတော့တာပေါ့။

" ကျွန်တော်တို့ လီလီ လုပ်သွားတာတွေကြောင့် ကျွန်တော်တို့ အနူးညွှန့်ကို တောင်းပန်ပါတယ်ဗျာ "

" ဟုတ်ပါတယ်ရှင် မျက်နှာလည်းမပြဝံ့တော့ပါဘူး "

" အေးလေ ဖြစ်ပြီးမှတော့ ကံပါတယ်လို့ပဲ ယူဆရတော့မှာပေါ့ ကျွန်တော်တို့က ခွင့်လွှတ်ထားပါတယ် "

" သူတို့ဖူးစာပါလို့ ရတာလို့ပဲ ကျွန်မတို့ မှတ်ပါတယ် သမီးလေး ကလည်း လီလီ့ အပေါ် စိတ်ရှိခဲ့တာကို ကျွန်မ တို့လည်းသိနေကြတာပဲ "

" ဒါပေမယ့် မစ်ဂင် ဂျဲနီ လေးကတော့ လီလီ မတိုင်ပင်ဘဲ ဇွတ်လုပ်လို့ စိတ်တော့ဆိုးနေမှာပဲ လို့ ကျွန်တော်ထင်တယ် "

" ဟုတ်ပါတယ် အခု က အလိုမတူဘဲ ခိုးပြေးလို့ မစ်စတာ ဂင်တို့ဘက်က ကျွန်မတို့ကို တရားရေးအရဆိုနိုင်တာတောင် အရေးမယူတာဘဲ ကျေးဇူးတင်လှပါပြီ "

" အချင်းချင်းတွေပဲ လုပ်ငန်းတွေအတွက်လည်းပိုအဆင်ပြေသွားတာပေါ့ ကျွန်တော်တို့ မျက်နှာပျက်ရအောင်တွေမလုပ်ပါဘူး ကလေးတွေပြန်ရောက်လို့ရှိရင် မင်ဂလာ ပွဲ ကို ခမ်းခမ်းနားနား ဆောင်ပေးရုံပေါ့ မဟုတ်ဘူးလား "

" ဟုတ်ကဲ့ ကျွန်တော် တို့ဘက်ကလည်း မစ်ဂင်တို့သဘောအတိုင်းပါပဲ "

ပြေပြေလည်လည် ဖြစ်သွားတာကိုပဲ ကျွန်မသက်ပြင်းချမိတယ်။
လီလီ့ လုပ်ရပ်က အခက်မသင့်ရင် ထောင်နန်းစံသွားနိုင်လို့ပဲ။

________________________________

ညနေစာကိုတော့ မမ က သူ့ဘာသာ ချက်စားမယ်ပြောပြီး လီလီ့ကို အပြင်ထွက်စားခိုင်းတယ်။
လီလီ စားချင်စိတ်လည်းမရှိတာနဲ့ ဆိုဂျူး ပဲ သောက်ဖြစ်တယ်။

အဆုံးရှုံးမခံနိုင်လို့သာ လုပ်ခဲ့တာ တကယ်တမ်းကျ အပြစ်သားတစ်ယောက်လိုမျိုး ကိုယ့်ဘာသာခံစားနေရတယ်။
လီလီ ဆိုးဖူးတယ် မိုက်ဖူးတယ် မယုတ်မာဘူး ဒါပေမယ့် မမ က လီလီ့ကို " လူယုတ်မာ " တဲ့...။
လီလီ က တကယ်ပဲလူယုတ်မာတစ်ယောက်လားဆိုတာ စဉ်းစားမိတယ် " ချစ်လို့ပိုင်ဆိုင်ချင်ခဲ့တာ " ဆိုပြီးပဲ တွေးမိတယ်။

DON'T NEVER CHANGE Where stories live. Discover now