Ep - 36

905 103 23
                                    

( Unicode )

ချယ်ယောင်း က အမ ဂျီဆူး နဲ့ Date တာမို့လို့ ဆိုမီက အဖော်လိုက်ကူပေးလေရဲ့...အဲ့ဒါနဲ့ပဲ အိမ်စောစောပြန်ခဲ့လိုက်တယ်။
လီလီ က အရင်လိုတစ်ယောက်တည်းမဟုတ်တော့ဘူးလေ သားလေး ရှိတယ်ဆိုတော့ သားလေးက ဦးစားပေးဖြစ်နေတာ။
သား အနားမှာပဲ လီလီ ရှိနေချင်တာ အချိန်တိုင်း အဖော်ပြုပေးချင်တာ...သားက သူ့အမေနဲ့လည်း အတူတူနေရတာမဟုတ်တော့ လီလီ က ပိုဂရုစိုက်ချင်တယ်။

" ဒီနေ့မှ...မိုးတွေကလည်းအုံ့မှိုင်းနေတာပဲ "

" အိမ်မြန်မြန်ပြန်မှ မိုးရွာရင် သားက ငိုတာနဲ့ ဒုက္ခပဲ "

ဆိုင်ကယ်ကိုအရှိန်တင်ပြီး အိမ်သို့မြန်မြန်မောင်းထွက်ခဲ့လိုက်သည်။
တော်သေးပါရဲ့ မိုးမရွာခင် အိမ်ရောက်သွားလို့။

လီဆာ ခြံထဲကို ရောက်တော့ ဂျူဆော့ယောင်း ကားကို မြင်သွားခဲ့တယ်။

" ဆော့ယောင်း ကားပဲ ဘာလာလုပ်တာပါ့လိမ့် သားစီလာတာပဲနေမှာ "

ဆော့ယောင်းကလေ လီလီ့ သားလေးကို အရမ်းဂရုစိုက်ပေးအရမ်းချစ်ပေးတော့လည်း လီလီ့မှာ ပီတိဖြစ်ရတာပါပဲ။
တစ်ပါတည်း အဲ့အတွေးနဲ့ကပ်ပါလာတာ ဂျဲနီဂင်ပဲ။
တွေးရင်းတွေးရင်း စိတ်နာတယ်...သားကို ဘယ်လိုစိတ်ကူးနဲ့များ ရက်ရက်စက်စက် ပစ်သွားခဲ့ရတာလဲ ဆိုတာ အခုထက်ထိ လီလီ စဉ်းစား၍မရခဲ့ပေ။
ပြန်စဉ်းစားတိုင်း မုန်းမိတယ် ဂျဲနီဂင်ရယ်။

လီဆာ သူ့အတွေးတွေကို ရပ်ပစ်လိုက်ပြီး အိမ်ထဲဝင်ခဲ့လိုက်တယ်။

" ဪ လီဆာ တောင်ပြန်ရောက်ပြီ "

" အေ "

" လီလီ ချယ်ယောင်းတို့ရော မပါဘူးလား "

" ချယ်က သူ့ရည်းစားနဲ့တွေ့မလို့ အဲ့ဒါ ဆိုမီရော ကျန်ခဲ့တယ် မာမား လီလီက သားငိုနေမှာစိုးလို့ အိမ်ပဲပြန်ခဲ့တာ "

လီဆာ ဆိုဖာပေါ်မှာဝင်ထိုင်ရင်း စားပွဲခုံပေါ်ချထားတဲ့ ရေတစ်ခွက်ကိုသောက်လိုက်တယ်။

" မား သားလေးရော "

" မြေးက အိပ်သွားပြီ လီလီ ရဲ့ "

DON'T NEVER CHANGE Where stories live. Discover now