Ep - 24

1.5K 96 27
                                    

( Unicode )

Ring~~~Ring~~~Ring

နေရောင်ဖျော့ဖျော့သည် အဖြူရောင်မွေ့ယာထက်သို့ကျရောက်လာပြီဖြစ်သည်။
အိပ်ယာပေါ်မှ မိန်းမလှလေး ဂျဲနီဂင် တစ်ယောက် သူမဖုန်းသံကြောင့် အိပ်ပျော်နေရာမှ မနက် ၉ နာရီခန့်‌တွင်နိုးလာရသည်။

" Hello"

" Happy Birthday ဂျဲနီ... "

ဖုန်းထဲမှ ဝမ်းပန်းတသာပြောနေသည့် ဂျီဆူးကြောင့် ကျွန်မပျော်မိသည်။
သူသာလျှင်နှစ်စဉ်နှစ်တိုင်း BD wish ကိုဦးဆုံးလုပ်တတ်သူဖြစ်၍ ယခုလည်း ကျွန်မကို BD wish သူအရင်ဆုံးလို့‌ထင်နေပုံပါပဲ...။

" အေးပါ ဂျီဆူးရေ ကျေးဇူးပဲ... "

" ဟယ် နင့်အသံကလည်းအိပ်ချင်မူးတူးနဲ့ ကဲထားပါ "

" နင့်ကို birthday wish တာငါအရင်ဆုံးမလား ဟား" "

" မဟုတ်ဘူး...ဒီနှစ်တော့ နင့်ထက်ဦးသွားတဲ့သူရှိတယ် အဲ့ဒါ မောင် ပဲ "

ပြောနေရင်းနဲ့ ညက မောင် နဲ့အတူဖြတ်သန်းခဲ့ရတာ‌တွေ တွေးကြည့်တော့ ကြည်နူးရပြီး ရင်ထဲမှာလည်း လိပ်ပြာလေးတွေဖြတ်သန်းနေတယ်လို့ တောင်‌ထင်မိတယ်။

" Whattt! "

" ဟုတ်တယ်...မောင် က ည ၁၂ ကျော်ကတည်းကနေ " Happy Birthday ပါ မ " ဆိုပြီး ပြောတာ သူအစကအိပ်ချင်ယောင်ဆောင်နေတာလေ ငါ့မှာ သူမသိဘူးထင်ပြီး ဝမ်းနည်းလိုက်ရတာ နောက်မှ အဲ့ကလေးက Suprise တိုက်တာ အဲ့လူဆိုးကောင်လေ "

" ကဲ...တော်ပါတော့...နားမထောင်ချင်ဘူး လင်မယားအကြောင်းတွေ "

အယ်...လူဆိုးကောင်ဆိုမှ မောင် အခန်းထဲရှိမနေတာ အခုမှသတိထားမိတယ်။
ဂျီဆူး ကို Party ပေးမှာမလို့ ခဏနေအိမ်လာခဲ့ဖို့ ခေါ်ပြီး ဖုန်းချလိုက်ရင်း မောင့် ကို ရှာမိတယ်။

" မောင် ရေ...မောင့်...မောင် "

ခေါ်လည်း ထူးသံမကြား...ရေချိုးခန်းထဲလည်းရှိမနေပါဘူး။
ကျွန်မ ရေမိုးချိုးပြီး အောက်ထပ်မှာ လိုက်ရှာနေတာလည်း မတွေ့ဘူး။
မောင် ရင်ခွင်ထဲကထွက်သွားတာကို မသိရလေအောင် ကျွန်မ အတော်ပင်ပန်းနေတာလား...မောင် နဲ့ မနေ့ညက ချစ်ပွဲနွှဲပြီး မောင်က ထုံးစံအတိုင်း ကျွန်မ ရင်ခွင်ထဲမှာပဲအိပ်ပျော်သွားခဲ့တာပါ။

DON'T NEVER CHANGE Where stories live. Discover now