Ep - 11

1.5K 86 13
                                    

( Unicode )

" မမ... "

" ဘာလဲ "

မမ ကို အော်မိတာကြောင့် စိတ်မကောင်းဖြစ်နေရတာကိုတော့ မလိမ်ချင်ပါဘူး။
မမ ကို အကုန်သည်းခံနိုင်ပါတယ် အဲ့ဒီ့လူနဲ့ပက်သက်ရင်တော့ လီလီ ကမရဘူး။
ထိန်းချုပ်နိုင်စွမ်းတွေမဲ့တယ် အသိစိတ်တွေပျောက်တယ် စဉ်းစားကြည့်ပါ ကိုယ်ချစ်တဲ့သူတစ်ယောက်ဆီက သူချစ်တဲ့လူတစ်ယောက်ကို တသသ တနေတာတွေကို နားထောင်ရတဲ့အဖြစ်ပါရယ်။

လီလီခေါ်တော့ မမ က ခပ်ပြတ်ပြတ်နဲ့ ပြန်ဖြေသည်။
လီလီ့ ကို မမ မကြည့်ပါ ကားမှန်ရဲ့အပြင်ဘက်ကို သာကြည့်နေခဲ့သည်။

" လီလီ တောင်းပန်ပါတယ်နော် "

" ဘာ... "

မမ က လီလီ့ကို ခနဲ့သလိုအကြည့်နဲ့ ကြည့်လာတယ်။
လီလီ့ အဲ့အကြည့်တွေကို ဘယ်လိုမှမခုခံနိုင်ဘူး။
မမ က ဟက်ပက်ပက်ရယ်လိုက်ပြီး လီလီ့ နှလုံးသားတစ်ခုလုံးကို နာကျင်နေအောင်ပြောလာတယ်။

" တောင်းပန်တယ် ဟုတ်လား? "

" ငါ့ကို နင်အသိစိတ်လွတ်နေတဲ့အချိန် ကြိုက်သလိုပြော ကြိုက်သလိုဆက်ဆံ ပြီးတာနဲ့ တောင်းပန်ပါတယ် တောင်းပန်ပါတယ် အဲ့တာတွေပဲထပ်နေပြီ "

" တော်ပါတော့ လီဆာရယ် နင့်အလိုတိုင်းလည်း ဖြစ်ခဲ့ပြီးပြီပဲ ငါ့စိတ်တွေကိုလည်းနင်သတ်ခဲ့ပြီးပါပြီ ဒီထက်ပို စိတ်ဆင်းရဲဖို့မရှိတော့ဘူး "

ဝဲတက်လာတဲ့မျက်ရည်စတစ်ချို့နှင့်အတူ သူ့ကို နာနာကျည်းကျည်း ပြောဆိုနေမိသည်။
ပြိုလဲနေသည့်စိတ်ကတစ်ဝက် နာကျည်းစိတ်ကတစ်ဝက်ဖြစ်နေသည့်အခါ ခဏတာ သူ့ကို ပေါက်ကွဲမိလေသည်။

မမ က လီလီ့ ကို ထို နာကျည်းမုန်းတီးနေသည့် အကြည့်များနှင့် ကြည့်ကာ ပြောလိုက်သည့် စကားလုံးတစ်ချို့ကြောင့် လီလီ အပြစ်သားတစ်ယောက်လိုပိုခံစားလာခဲ့ရသည်။
လီလီ့ မှာ ပြန်လည် တုပစရာ စကားတစ်ခွန်းတောင် မရှိနိုင်လောက်အောင် ဆွံ့အပြီး မိန်းမောနေရပါသည်။

မမ က သူ့မျက်နှာလေးကို သူ့လက်ကလေးအုပ်ရင်း ထိုင်ခုံပေါ် အသာမှိန်းချလိုက်လေသည်။
ကျလုဆဲဆဲ မျက်ရည်တွေကို အသာအယာ သုတ်နေခဲ့သည်။
လီလီ ဘာဆိုဘာမျှ မပြောဘဲ မမ အား လှည့်တကြည့်ကြည့်နဲ့သာ နေခဲ့ပါတော့သည်။

DON'T NEVER CHANGE Where stories live. Discover now