Ep - 32

1.3K 135 49
                                    

( Unicode )

" ဟာ...မမ "

ဒီလိုစကားမျိုး ပြောထွက်လိမ့်မယ်လို့ မထင်ထားခဲ့သလို ဒီအတိုင်းအတာအထိ လီလီ့ ကို နာကျည်းမုန်းတီးနေလိမ့်မယ်လို့လည်း မမှန်းဆခဲ့သည်မှာအမှန်ပါ။

" သမီး အဲ့လိုမပြောရဘူးလေ ဒါသမီးမွေးထားတာနော် "

" နေပါအုံး သူတို့နှစ်ယောက်ကအဆင်ပြေနေခဲ့တာမဟုတ်ဘူးလား အန်တီ? "

ဂျဲနီ နဲ့ လီဆာ့ အခြေအနေ ကို ကြည့်ပြီး Doctor လည်းနားမလည်နိုင်ဖြစ်နေသည်။

" Nurse! ကလေးတစ်ချက်လောက်လာယူထားပေးပါ "

" ဒီမှာ ငါ့ညီမ ညီမတို့ကြားထဲမှာ ဘယ်လိုအခက်အခဲတွေရှိနေလဲအမ မသိပေမယ့် အခုက ညီမ သွေးနုသားနုဖြစ်နေတဲ့အချိန်မှာ ညီမ စိတ်ကိုငြိမ်အောင်ထားသင့်တယ်လေ "

အမ က မမ ကို ဖြောင်းဖျနေပေမယ့် မမ က အကြိမ်ကြိမ် သက်ပြင်းသာချနေခဲ့သည်။
မမ ကို အခုအချိန် လီလီ ထက် သားလေးက ပိုလိုအပ်တယ်လေ...လီလီ သားလေးအတွက် မမ ကို လက်လွှတ်မပေးနိုင်ဘူး။

" မမ...မောင် တောင်းပန်ပါတယ် ‌သားလေးကိုအဲ့လိုတော့မဆက်ဆံပါနဲ့ မောင့် ကို မုန်းတယ်ဆိုရင်တောင် သားလေးကဘာအပြစ်မှမရှိ... "

" မုန်းလို့...မုန်းလို့ ဟုတ်တယ် နင့်ကိုအရမ်းမုန်းလို့ ဘာမှမပက်သက်ချင်တော့တာနားလည်လား!!! "

" နင့်ကိုငါပြောခဲ့ပြီးသားပဲ ဒီကလေးနင့်ကိုမွေးပေးပြီးရင် ငါတို့ကိစ္စပြတ်ပြီလို့ နင်ဘာလို့ ငါ့ကိုဆွဲနေရသေးတာလဲ နင်လိုချင်တာငါမှမဟုတ်ဘဲ ဘာလို့လဲ!!! "

" ငါ့ညီမ စိတ်ထိန်းလေ...လီဆာ အမ တို့ ဒီကိစ္စနောက်မှအေးဆေးပြောကြရအောင်နော် "

" မလိုဘူး! အခုရှင်းမယ် ညီမ စိတ်အဆင်ပြေပါတယ် အမ...ဒီမယ် လီဆာ "

မမ ဟာ ပါးပြင်ပေါ်က မျက်ရည်တွေကို အကြမ်းပတမ်းဆွဲသုတ်လိုက်ပြီး ဆံပင်များကိုသပ်တင်လိုက်သည်။
ပြီးနောက် မမ သည် သက်ပြင်းတစ်ချက်ကို ချလိုက်ကာ လီလီ့ မျက်ဝန်းများကိုစိုက်ကြည့်၍ပြောလာသည်။

" နင်နဲ့ရခဲ့တဲ့ ကလေးမို့လို့ကို ငါမထိတွေ့ချင်တာ
လီဆာ နင်အဲ့တာကိုသိလား? "

DON'T NEVER CHANGE Where stories live. Discover now