Ep - 29

1.6K 119 30
                                    

( Unicode )

မမ ဟာ ကိုယ်ဝန်စလွယ်ရကတည်းက လီလီ့ အနား သိပ်ကို ကပ်ချွဲတတ်လာခဲ့သည်။
ပြီးတော့ စိတ်လည်းတအားဆတ်တတ်လာသည်။
မမ မကြိုက်တာတစ်ခုခု လုပ်မိလိုက်ပြီဆိုရင် မမ ဟာ လီလီ့ ကို အလျင်စလိုပင် ဒေါသထွက်တတ်သည်။
မနက် လီလီ အိပ်ယာထလို့ မမ ကို မနိုးဘဲ တစ်ယောက်တည်းထားခဲ့ရင် မမ က စိတ်ဆိုးပြီး လီလီ့အား တစ်နေကုန် ဂျစ်တိုက်နေတတ်သည်။

မမ လီလီ့ အပေါ်ဘယ်လိုပဲဆိုးဆိုး လီလီ က ပိုပိုပြီး ချစ်‌သည်။
မမ ရဲ့ ကလေးဆန်တဲ့အပြုအမူလေးတွေနဲ့ လီလီ့အပေါ်ဆိုးနွဲ့တာကို လီလီ သဘောကျသည်လေ။
အခုလည်း လီလီ့ ကို ဘယ်မှထွက်မသွားနှင့် ဟု ဆိုလေကာ ရင်ခွင်ထဲထည့်ထားလေသည်။

" မောင်... "

" ဗျာ... "

" မ နဲ့ချည်းနေ နေ ရတော့ ငြီးငွေ့နေပြီလားဟင် "

" မမ ကလည်း ငြီးငွေ့စရာလား ‌မောင် ချစ်ရတဲ့ မ နဲ့ အတူရှိနေရတာပဲဟာကို ပြီးတော့ မောင် တို့ကလေးလေးလည်း မ ဗိုက်လေးထဲမှာရှိတယ်လေ ‌မောင့် မှာလေ ငြီးငွေ့ဖို့ဆိုဝေးလေစွ အတူရှိနေချိန်တောင် နည်းနေတယ်လို့ ခံစားနေရသေးတယ် "

မောင့် အပြောလေးက ရိုးရှင်းစွာနဲ့ပဲ ကျွန်မ နှလုံးသားတစ်ခုလုံးကိုနွေးထွေးစေသည်။
မောင့် နှဖူးလေးအား ငုံ့‌မွှေးတော့ မောင် က ကျွန်မ နှုတ်ခမ်းကိုထိရုံကလေးနမ်းပြီး ကျွန်မရင်ခွင်ထဲတိုးဝှေ့နေလေသည်။

" မောင် နောက် နှစ်ပတ်နေရင် အောင်စာရင်းထွက်ပြီနော် အောင်မယ်ထင်လား "

" အွမ်း...ထင်တယ် ဂုဏ်ထူးတောင်မှန်းထားတာ မောင် က "

" အမလေး ယုံကြည်မှုတွေအပြည့်ပါလား ဘယ်သူ့အားကိုးနဲ့လဲ "

" မမ အားကိုးနဲ့ပေါ့ မမ ရဲ့ မောင့် ဆရာမလေးကအကောင်းဆုံးမောင့်ကိုသင်ပေးခဲ့တော့ မောင် က ကောင်းကောင်းဖြေနိုင်ခဲ့တယ်လေ "

" ဟား" ဟုတ်ပါပြီ ဆယ်တန်းအောင်ရင်မောင်
တက်ကသိုလ် တက်ရမယ်နော် ဘွဲ့ရအောင်အထိတက်ရမယ် ကြားလား "

" ဟုတ်ကဲ့ပါ မ ရဲ့...မောင့် မမ သဘောပါပဲ "

" ဟုတ်ကဲ့ မမ ဆိုတဲ့ဟာလေးကို ချစ်တာ နမ်းပါအုံး မောင် ရယ် "

DON'T NEVER CHANGE Hikayelerin yaşadığı yer. Şimdi keşfedin