Ep - 21

1.8K 106 11
                                    

( Unicode )

အဲလ်ကွန်းလေက အေးစိမ့်နေတယ်။
ခြေဖြူဖြူသွယ်လျလျလေးတွေ ကြမ်းပြင်ပေါ်မှာ ရွေ့လျားနေတာက မြန်မြန်ဆန်ဆန်ပါပဲ။
သူမ မျက်လုံးတွေကဂနာမငြိမ်ဘဲ သူမ ဖုန်းနံပါတ်လေးတစ်ခုကိုသာ ဆက်တိုက်ခေါ်နေခဲ့တယ်။

" လီဆာ ဖုန်းကိုင်ပေးပါ...လီဆာ "

တူး...တူး....တူး...တူး...တူး

" လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားမှုမရှိ... "

" ဟာ!!!နင်အဲ့လိုလုပ်လို့မရဘူးလေ လီဆာ ကိုင်ပါ ဟာ!!! "

ကျွန်မ တစ်မနက်လုံး သူ့ဖုန်းကိုခေါ်နေခဲ့တာ သူတစ်ခါလေးတောင်မကိုင်ခဲ့ဘူး။
သူလွန်ခဲ့တဲ့နှစ်ရက်က Seoul ကိုပြန်ရောက်တာသိပြီးပြီ...ဒါကြောင့် သူ့ကိုတွေ့ဖို့ခေါ်နေခဲ့တာ။
သူနဲ့ကျွန်မ လမ်းခွဲခဲ့ကြတာမှန်ပေမယ့် အဲ့ဒီ့နောက်ပိုင်း ဘာတစ်ခုမှအဆင်ပြေမနေဘူး သူ့ကိုလမ်းခွဲပြီးအေးဆေးနေနိုင်မယ်ထင်ခဲ့ပေမယ့် ဖြစ်မလာတော့လည်း ဘယ်တတ်နိုင်မလဲ သူ့ကိုဆက်ချစ်နေမိတယ်။

" Hello ဆော့ယောင်း "

အို...ဘုရားသခင် သူဒီတစ်ခါတော့ ကျွန်မဖုန်းကိုကိုင်ပါတယ်။
သူ့အသံလေးမကြားရတာကြာတာမို့ လွမ်းလွန်းလှပါပြီ။

" နင်ဘာလို့ ဖုန်းတွေချည်းဆက်တိုက်ခေါ်နေရတာလဲဟာ မမ သိသွားရင်မကောင်းဘူး "

" ငါ...ငါ နင်နဲ့‌တွေ့ချင်လို့ပါ လီဆာ "

" ဟာ...ဘယ်လိုဖြစ်မှာလဲ မတွေ့သင့်တဲ့ဆက်ဆံရေးပဲကို ဆော့ယောင်းရယ် "

" ငါသိတယ်...ဒါပေမယ့် တွေ့ချင်တယ် တွေ့ချင်တယ်လို့ ငါအဲ့စိတ်ကိုဘယ်လိုမှမထိန်းချုပ်နိုင်ဘူး "

" ငါ မတွေ့ပေးနိုင်ဘူး ဆော့ယောင်း "

" ဒါဆို နင်ရှိ‌တဲ့နေရာကို ငါလာခဲ့ရမလား လီ‌ဆာ
ငါမလာရဲဘူးမထင်နဲ့နော် "

" ဆော့ယောင်း နင်အဲ့လိုမလုပ်နဲ့လေ "

" အေ မလာစေချင်ရင် နင်ငါ့ကိုလာတွေ့ လိပ်စာကိုငါပို့လိုက်မယ် ဒါပဲ "

သူနဲ့ First Date တုန်းက ဆိုင်လိပ်စာကိုသာပို့ပေးလိုက်တယ်။
နင်မှတ်မိပါ့မလားတော့ ငါမသေချာဘူး လီဆာ...ငါ့အတွက်ကတော့ နင်နဲ့ပက်သက်ခဲ့ရတဲ့ ငါးလဆိုတဲ့အချိန်ကာလကအမှတ်ရစရာတွေချည်းပဲ။

DON'T NEVER CHANGE Where stories live. Discover now