Intro

3.7K 118 9
                                    

( Unicode )

လူတစ်ယောက်ကို...ချစ်ရတဲ့ ငရဲ က ဘယ်လောက်ပူလောင်လိုက်ရသလဲ။

‌အဲ့လူကို ဘယ်လောက်တောင် အရိပ်တကြည့်ကြည့်နဲ့
ချစ်ခဲ့ရသလဲ။
ဒီလူပြုံးရင် ပန်းတွေပွင့်တယ် ကိုယ်အလိုလိုပျော်တယ်၊ဒီလူ စိတ်ညှိုးရင် ကိုယ်အလိုလို ပြိုတယ် ဘယ်လောက်ထိလဲဆိုရင် မွေးဖွားလာရခြင်းမှအစ ရှင်သန်ခြင်းတွေဟာ ဒီလူကြောင့် ဖြစ်တည်လာရသလိုမျိုးပေါ့။

ဒါတွေကို အဲ့လူ သိလား မသိဘူးလားတော့ မသိဘူး။
ကိုယ်လေ အဲ့လူကိုသိပ်ချစ်တာ အဲ့လူကတော့ ကိုယ့်သဘောထားနဲ့ဆန့်ကျင်ဘက်လားရာပေါ့။
ပစ်ပစ်ခါခါတွေသိပ်ပြောတတ်လွန်းတဲ့ အဲ့လူပါ။

ကိုယ့်ကိုကိုယ် " ငါဟာသိပ်ချစ်တတ်တဲ့လူ " လို့ ခေါင်းမော့ရင်ကော့နေတဲ့အချိန်မှာ အဲ့လူက ကိုယ့်ကို " အရူး " လို့ သမုတ်တာကိုသာ ခံရတယ်။
ဘယ်လိုတောင် သူ ကိုယ့်ကို ပြောဆိုနေရတာ‌ပါလိမ့်။

ခင်ဗျားတို့ အဲ့ခံစားချက်ကို ခံစားကြဖူးရဲ့လား။
တကယ် သေလုမျောပါးလိုခံစားချက်မျိုးလေ။
မျက်မှောင်ကြုံ့ပြီး အမြဲ ကြည့်နေတတ်တယ် သူ့ ကိုချစ်တဲ့အကြောင်းတွေပြောတဲ့အခါ။
သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာလိုမျိုး ညဉ်းငြူပြတယ်။

ဘာကြောင့်မှန်းမသိဘူး အဲ့လို ငြိုငြင်တာတွေ ပစ်ပယ်တာတွေ မုန်းတာတွေကို ဆုပ်ကိုင်ထားရတာ နာကျင်ပေမယ့် လွှတ်မချချင်ဘူး ဒါတွေအားလုံးက အဲ့လူပေးတဲ့ဆိုတဲ့အသိလေးကြောင့် ထင်ပါရဲ့ နှလုံးသားကမိုက်လိုက်ပုံများ...။

သူ့ကို တောင်းတမိတဲ့အချိန်တွေဆို ဒီလိုတွေးမိတယ်။

- အရင်က ချစ်တယ်ဆို ဆက်ချစ်ပေးပါ

- အရင်က ဂရုစိုက်တယ်ဆို ဆက်ဂရုစိုက်ပေးပါ

- အရင်က ငါ့အပေါ်ထားတဲ့ နင့်သဘောထားတွေကို ဘယ်သောအခါမှမပြောင်းလဲပါနဲ့။

ငါ့အပေါ် အပြောင်းအလဲတွေ သိပ်မလုပ်ပါနဲ့ အချစ်ရယ်...။
_______________________________

။_______________________________

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
DON'T NEVER CHANGE Where stories live. Discover now