( Unicode )
" လီယမ်လေး...မင်း ပါပါး ခေါင်းမာတာ တီတီ သိတယ် "
" ဒါဆိုဒါပဲသိလား ဟင် "
ကျွန်မ လီယမ်လေး ကိုပွေ့ပြီး စကားတွေပြောနေမိတယ်။
အဖြစ်အပျက်အားလုံးကိုသိပြီးတဲ့နောက်မှာ လီဆာ့ကို ပြောပြခဲ့တယ် ပြောပြခဲ့ရုံလေးပဲ လုပ်လို့ရမယ်ဆိုတာ ကျွန်မသိနေလို့ပဲ။
ကျွန်မ နားချရမယ့်သူကတော့ လီယမ့် မေမေ ဖြစ်တဲ့ အမ ဂျဲနီကိုပါပဲ။" မင်းအတွက် တီတီ အကောင်းဆုံးကြိုးစားပေးမယ်နော် မိတစ်ကွဲဖတစ်ကွဲမဖြစ်စေရဘူး တီတီ့ကို ယုံနော်... "
ဂျူဆော့ယောင်း လီယမ့်နဖူးလေးကိုနမ်းလိုက်တော့ လသားအရွယ်လီယမ်လေးမျက်နှာက ပြုံးရိပ်ယောင်သန်းသွားခဲ့သည်။
ဂျူဆော့ယောင်းလည်းပြုံးလိုက်ပြီး..." Fighting လီယမ် ပါပါးနဲ့မာမားကို ပြန်ပေါင်းပေးကြမယ်နော် "
အဲ့ဒီ့နောက်....ကျွန်မ အမ ဂျဲနီ ဆီကိုသွားခဲ့ပါတော့တယ်။
____________________________________
ကျွန်မ ကို မောင် ဘယ်လိုတုံ့ပြန်မလဲမသိပေမယ့် ကျွန်မ မောင်နဲ့သားလေးဆီ ပြန်သွားဖို့ ဆုံးဖြတ်ပြီးပြီ။
မောင် ဘယ်မိန်းမ ကို ချစ်လဲ မောင့်သဘော...မောင့် အနားနေ နေရရင်ကို ကျေနပ်နေမယ့် နှလုံးသားတစ်စုံနဲ့စိတ်ဆန္ဒတစ်ခုကို မောင်နဲ့ဝေးနေရချိန် အပိုင်ရခဲ့တယ် မောင်...။မောင့်ကို ကျွန်မ မာနကင်းစွာပဲ ချစ်မိနေခဲ့တယ်ဆိုတာ မောင် သိအောင် ကျွန်မ ပြောပြမယ်။
မောင့်ကို ကျွန်မရဲ့အရာရာကိုပုံအောပြီး ဒူးထောက်တောင်းပန်မယ်။ဂျဲနီ သူမ အဝတ်အစားများကိုထည့်ပြီး တိုက်ခန်းကထွက်ရန်ပြင်နေစဉ်မှာပဲ တိုက်ခန်းဘဲလ်တီးသံမြည်လာတယ်။
သူမ တံခါးကိုဖွင့်ပေးလိုက်တော့ ဂျူဆော့ယောင်း။" ဪ...မင်းကို "
အခုကျွန်မ မောင့် မိန်းကလေးနဲ့မျက်နှာချင်းဆိုင် ထိုင်နေတယ်။
ဒီမိန်းကလေး က ဘာအကြောင်းပြောဖို့လာလည်းကျွန်မ မသိဘူး စိုးရိမ်နေမိတာက မောင်နဲ့သူ ဘယ်လောက်ထိအဆင်ပြေနေခဲ့ပြီး တစ်ယောက်ကိုယ်တစ်ယောက်ဘယ်လောက်ဂရုစိုက်တဲ့အကြောင်း ပြောမှာကိုကျွန်မ ကြောက်တယ်။
ကျွန်မ တွေးကြည့်ရုံနဲ့တင် အောင့်သက်နေပြီဒီနှလုံးသားက...ကျေးဇူးပြုပြီး အဲ့အကြောင်းကိုမပြောပါနဲ့ ဂျူဆော့ယောင်း ရယ်။