Ep - 20

3K 121 32
                                    

( Unicode )

လီလီ့ လက်ဒဏ်ရာကြောင့် ပစ်စည်းသိမ်းဘာသိမ်း လီလီ ကမလုပ်နိုင်တာကြောင့် မမ ကပဲ အဝတ်အစားတွေ၊အသုံးအဆောင်တွေ အကုန်သိမ်းနေတယ်။
လီလီ တို့ မနက်ဖြန်မနက် Seoul ကိုပြန်ရတော့မယ်လေ။

" လီဆာ...ခဏနေဆေးသောက်ရမယ် ထမင်းသွားစားတော့သွား "

မမ က လီလီ့ အင်ကျီတွေကိုခေါက်သိမ်းနေရင်း
လီလီ့ကိုကျောပေးကာပြောနေသည်။
အချိန်ကြည့်တော့ ည ၇ နာရီရှိပြီမို့ မမ ကိုပါတစ်ပါတည်းခေါ်ဖို့စိတ်ကူးလိုက်သည်။

" မမ ရောလိုက်ခဲ့ "

" ငါသိမ်းနေတယ် မမြင်ဘူးလား "

" အဲ့တာကနောက်မှသိမ်းလို့ရတယ်လေ လာပါ ထမင်းအတူတူသွားစားရအောင်နော် မမ "

သူပြောကာမှ ဗိုက်ဆာလာသလိုဖြစ်တာကြောင့် သူနဲ့အတူ ထမင်းစားရန်လိုက်ခဲ့လိုက်သည်။
ထမင်းဝိုင်းရောက်တော့ ငါးဟင်းဖြစ်နေတာမို့ သူက ဇွန်နဲ့လည်းစားမရတာကြောင့် ကျွန်မပဲ သူ့ကိုထမင်းခွံ့ဖို့အကြောင်းဖန်လာပါတော့သည်။

" လီဆာ...ကိုယ့်ဘာသာကိုယ်ထိုင်မယ်လို့!!! "

" မရပါဘူး လီလီ့ အပေါ်ပဲထိုင်! "

ဂျဲနီ ကို ကွပ်ပျစ်မှာမထိုင်ခိုင်းဘဲ ပေါင်ပေါ်အတင်းထိုင်ခိုင်းနေတဲ့ လီ‌ဆာကို ပြောမရတဲ့အဆုံး ဂျဲနီလည်း ပေါင်ပေါ်သာ တက်ထိုင်လိုက်ရတယ်။
ထိုင်ရုံနဲ့မပြီးသေးပါဘူး တစ်ပန်းကန်တည်းစားပြီး လီဆာ့ကိုလည်းထမင်းခွံ့ရပါသေးတယ်။

ကျွန်မ ခါးတွေကိုဖက်ပြီး မှိန့်မှိန့်ကြီး သူကတော့ ထမင်းစားဝင်တာပေါ့။
ကျွန်မမှာတော့ ငါးဆူးကလည်နွှာရသေး ၊သူကျွန်မ ပခုံးပေါ်မှီတာကလည်းခံရသေးတယ်။

" ဒီလို ချဉ်ရည်နဲ့ငါးအနှစ်နဲ့နှယ်စားတာ အရမ်းကောင်းတယ် ရော့ ဟ "

" ကောင်းလား "

ကျွန်မမေးတော့ သူက ပြုံးပြီးခေါင်းငြိမ့်ပြတယ်။
အမေတစ်ခုသားတစ်ခုမဟုတ်ဘူး၊ ကလေးတစ်လုတ် ကိုယ်တစ်လုတ်။

မမ ထမင်းစားတော့ လေ ပါးဖောင်းဖောင်းလေးက လှုပ်စိလှုပ်စိဖြစ်နေတာ ချစ်စရာလေး...လီလီ အသည်းယားလွန်းလို့လေ ကိုက်စားပစ်ချင်တယ်။

DON'T NEVER CHANGE Where stories live. Discover now