Part - 29

2.5K 121 3
                                    

Part - 29

                    ချစ်သော   အညို

                       

" မိုရ်! !! သတိထားဦးလေ ကိုယ့်က ဘယ်မှာ
စိတ်ပုတ်လို့တုန်း ၊ အရင်တုန်းကတော့ မိုရ် ပဲ
ကိုယ့်ကိုချစ်တယ်ဆို ၊ ကလေးဖြစ်ပြီး စကားကို
အမျိုးမျိုးမပြောနဲ့နော် "

မူးနေတဲ့သူကိုစရနောက်ရတာ တကယ်ပျော်စရာကောင်းမှန်း အခုပဲသိလိုက်ရပါပြီ။

" ချစ်တယ်လေ ချစ်တယ် ၊ ချစ်တာမှ တော်တော်လေးကိုချစ်တာ "

" အင်းလေ ကိုယ့်ကို ချစ်တယ်လဲပြောသေးတယ်  ဘာဖြစ်လို့ လူညစ်ပတ်ကြီးလို့ ပြောရတာလဲ၊ ကိုယ်က မညစ်ပတ်ဘူးနော် ၊ တစ်နေ့ကို ရေနှစ်ခါတောင်ချိုးတယ် ၊ဒါနဲ့ ကိုယ်မေးနေတာဖြေဦး အရက်က ဘယ်ကနေ သောက်လာတာလဲ ဆိုင်မှာ သွားသောက်တာလား "

မိုရ်က ပွင့်မလာတဲ့မျက်လုံးတွေကို အတင်းဖွင့်ကြည့်နေရင်း ---

" No!! No!! No !! ဘယ်ဆိုင်မှာမှ မသောက်ဘူး ၊အရက်ဆိုင်မှာ အရက်သွားသောက်ရင်
ကျွန်တော့်ယောကျ်ားက ကျွန်တော့်ကိုဆူမှာ ၊
သူက ဒေါသထွက်လာရင် သိပ်ကြောက်စရာ
ကောင်းလို့  ကျွန်တော် အရက်လည်း မသောက်ဘူး ဖဲလည်းမရိုက်ဘူး ကြက်လည်းမတိုက်ဘူး ၊ အဲ! !! ရှိသေးတယ်  သူက ပိုက်ဆံလည်း မရှာခိုင်းဘူး "

ခွန် ကတော့ မူးမူးနဲ့အိပ်ယာထဲ လဲနေရတာတောင်
လက်ညှိုးတထိုးထိုးနဲ့ စကားတွေပြောနေတဲ့ မိုရ့်
ကိုကြည့်ပြီး ထိုင်ရီနေမိတော့သည် ။ ကောင်းနေတဲ့
အချိန်ဆို ကိုယ်ဘာပြောပြော ဟုတ်ကဲ့လို့သာ
ပြောတက်တဲ့သူက မူးနေတဲ့အချိန်မှာတော့ ပြောချင်တာတွေကိုပြောနေပြီလေ။

" ဟား!!! ဟား! !! ဟား! ! ဟုတ်ပါပြီကွာ ဒါဆို အခု ဘယ်ကနေ သောက်လာတာလဲ "

" ဘယ်ကနေလဲဆိုတော့ ဘကြီးလှမောင်း
အင်း! !!! ဘကြီးလှမောင်တို့ ကွင်းတင်လို့လိုက်သွားတာ၊  အဲမှာ အရက်ပိစိလေး သောက်လာမိတယ် "

" မင်း ပိစိကလည်း မိုရ် ရယ်  မျက်လုံးတောင်
မဖွင့်နိုင်တော့ပါလား ၊ အိမ်ကို ဘယ်လိုပြန်လာတာလဲ "

" သိတယ် သိနေတယ်  အညို ကျွန်တော့်ကို
ဆူမယ်ဆိုတာသိနေတယ် ၊ ဆူမှာပေါ့ ကျွန်တော့်ကိုမှ မချစ်တာ ၊ ခင်ဗျားက ကျွန်တော်ကိုဆိုနည်းနည်းလေးမှမချစ်ဘူး ၊ ပိစိသေးသေးလေးလောက်ကို မချစ်တာ  နှလုံးသားမရှိတဲ့သူကြီး "

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawWhere stories live. Discover now