Part - 24

2.4K 117 5
                                    


Part - 24

                   ချစ်သော  အညို

                        

နှစ်ယောက်သား ခုံနဲ့အတူတူလဲကျသွားတာမို့ အထိ
နာပြီး တော်တော်နဲ့မထနိုင် ။ အညို က သတိကောင်းတဲ့သူမို့ စပြီးလဲကျထဲက ကိုယ့်ကိုလှမ်းဆွဲထားကာ သူ့ကိုယ်နဲ့ကာလိုက်တာမို့ ကိုယ်က သိပ်မနာ
ပေမယ့် အညို  ကတော့ သူ့ခါးကို ခုံစောင်းနဲ့ ထိသွားပါသည် ။

လဲကျနေရာကနေ တော်တော်နဲ့ မထနိုင်သေးခင်ပဲ ----

" ဟဲ့! !! အခန်းထဲက ဘာဖြစ်နေတာတုန်းဟေ့ "

အခန်းအပြင်ကနေ အဖွားအသံကြားတယ်ဆိုထဲက မိုရ်,တစ်ယောက် အလိုလိုနေရင်း ဇတ်လေးပုသွားရပါတော့သည် ။ အဲဒါ ဒီလူကြီးမကောင်းလို့ ။ အား
တိုင်းလိုက်စနေတာ ။ စတိုင်းလည်း အဲဒီ အပေါ်
အောက်ကိစ္စ ။ ကိုယ်ရှက်မှန်းသိလို့ကို သက်သက် ကို အကျင့်ယုတ်ပြီးပြောနေတာ ။ အညို တို့များ
ရုပ်လေးနဲ့မှမလိုက် စိတ်ပုတ်ချက်က ။ အရင်ကမျက်နှာတည်တည်ကြီးနဲ့ ခွန်မှိုင်းညိုက ဆက်သွယ်ရေးတာလမ်းဘေးက တဲအိမ်ထဲမှာကျန်ခဲ့ပုံရလေသည် ။ အခုတော့ ကျောက်ကျောရေပတ်မျက်နှာနဲ့
ခွန်မှိုင်းညိုဖြစ်နေလေပြီ ။

" အခန်းထဲက နှစ်ယောက် ငါမေးတာရော
ကြားရဲ့လား "

အဖွားအသံက နောက်တစ်ခေါက်ထပ်ထွက်လာတာမို့ အညို , က မျက်နှာပိုးသတ်ရင်း ----

" ခုံလဲကျတာပါ   ဖွားဖွား "

" ခုံတောင်လဲရအောင် နင်တို့က ကလေးလား ၊
ငါမပြောချင်ဘူးနော်၊  ခွန်မှိုင်းညို !!!ခွန်မှိုင်းညို !!!
နင်တော့လား ငါမပြောချင်လို့ကြည့်နေတာကို
အကောင်းမှတ်နေတယ် "

အဖွားရဲ့ အံကြိတ်ပြီးပြောတဲ့အသံကြောင့် နှစ်ယောက်သား ခုံကို နေရာတကျပြန်ထားလိုက်ရင်း အညိုကတော့ အိပ်ယာပေါ်မှာ ဝင်လျားမှောက်လိုက်ပါသည် ။ ခါးနားသွားလောက်ပြီလေ ။ ခံပေါ့ နည်းတောင်နည်းသေး ။ မိုရ်ကတော့ အညို့ ဘေးနားမှာ မတ်တပ်ရပ်နေတုန်း ။

" အညို !!"

" ပြောစေ "

" ခင်ဗျားနော် အခုနောက်ပိုင်း ကျွန်တော်မကြိုက်
တာကို တအားစနေတာ အခုတော့မှတ်ပြီလား ၊
ဒီလောက်တောင် ပြောင်ချင်နောက်ချင်နေရင်
ဇာတ်ထဲဝင်လိုက်နော် "

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawWhere stories live. Discover now