Part - 20

3.3K 135 2
                                    


Part - 20

                    ချစ်သော  အညို

                      

အခန်းထဲကို ဝင်လာတဲ့ လေနုအေးအေးလေးကြောင့် မိုရ်, အိပ်ရာကနေနိုးသွားပါသည် ။ နိုးနိုးချင်း
ဘေးဘက်ကိုကြည့်လိုက်တော့ အညို ,က အိပ်ပျော်နေတုန်း ။ အိပ်နေရာကနေ ဝင်ယားမှောက်လိုက်ရင်း အညို့ မျက်နှာနားကို ကိုယ့်မျက်နှာလေး
အသာတိုးပြီး သေချာကြည့်နေမိသည် ။ အညို ကလေ တကယ်ကြီးချောတာဗျာ ။ ကိုယ့်ငါးချဉ်
ကိုယ်ချဉ်တယ်ပြောလည်း ခံရတော့မှာပေါ့ ။ အညို က တကယ်ကြီးကို ချောလွန်းတာကိုး ။

ထူထူထဲထဲမျက်ခုံးတစ်စုံရဲ့အောက်မှာ တိုတိုစိတ်
စိတ် မျက်တောင်လေးတွေကလည်း ခပ်စဉ်းစဉ်း
လေး ။ ဖြောင့်စင်းနေတဲ့ နှာတံလေးကပွယောင်ခြင်းမရှိ ။ ပကတိပြေပြစ်နေသည် ။ ခပ်ပါးပါးနှုတ်ခမ်းတစုံဟာ နီရဲနေပြီး သွားလေးတွေကလှလွန်းတာမို့
အညိုမို့ ရီလိုက်ရင် အသက်ရှုမှားစေလောက်တာမျိုး ။ လေးထောင့်စပ်စပ်မေးရိုးဟာ အညို့မျက်နှာရဲ့ အထင်ရှားဆုံး အစိတ်အပိုင်းပါပဲ ။ အမြဲတစေရိတ်သင်ထားတဲ့ ပါးသိုင်းမွှေးနေရာမှာ စိမ်းမြမြ အရာလေးတွေ ။

ခြောက်ပေကျော် အရပ်ကြီးကမြင့်သလောက် ခန္ဓာကိုယ်ကလည်း သိပ်လှတာ ။ ဒီလူဟာ မိုရ့်,  ရဲ့ ချစ်လှစွာသော လူသားတဲ့ ။ အဲလူကို ပိုင်ဆိုင်ခွင့်ရ
ခဲ့ပြီတဲ့ ။ ကဲ !!! ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ ။ ကိုယ်ကတော့ အညို့, ကို မြင်နေရရင်ကို ပင်ပန်းသမျှ ပျောက်သွားတာမို့ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း အလုပ်တွေကို လုပ်ရလုပ်ရ
မောမယ်မထင် ။

အတွေးနဲ့အတူတူ အညို့ မျက်နှာလေးကို လက်
ညိုးလေးနဲ့ အသာထိကြည့်နေတုန်းပဲ အညို  က
လှုပ်လာတာမို့  အိပ်ချင်ယောင် ပြန်ဆောင်နေလိုက်ပါတယ် ။ တော်ကြာ သူအိပ်နေတာကိုနှောက်
ယှက်လို့ အော်ခံထိနေမှာ ။ ချစ်တာက ချစ်တာ
သက်သက် အော်တာက အော်တသက်
သက် ။ တစ်ကန့်ဆီ ခွဲထားတဲ့လူကြီးကိုး ။

ကိုယ်က အသာလေးငြိမ်ပြီး အိပ်ချင်ယောင်ဆောင်နေပေမယ့် အညို က လှုပ်လှုပ်ရှားရှားမရှိတာမို့
မျက်လုံးတစ်ဖက် အသာဖွင့်ကြည့်လိုက်တဲ့အချိန် ကိုယ့်ကို ကြည့်နေတဲ့အညို ။ လည်ချက်က ကိုယ့်ကို စောင့်ဖမ်းနေတာ ။ ခပ်တည်တည်နဲ့ရုပ်ကြီး
ကိုမြင်ပြီး  ရီချင်လာပေမယ့် အံကြိတ်ပြီး
ရီချင်စိတ်ကို ထိန်းနေတုန်း -----

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawWhere stories live. Discover now