Part - 12

2.7K 132 8
                                    

Part - 12

                   ချစ်သော  အညို

                        

ငသန့်တစ်ယောက် မနက်သုံးနာရီခွဲကြီး ဗိုက်ထနာလို့ အိပ်ရာကနိုးလာရသည် ။ ဗိုက်နာရတဲ့
အကြောင်းကိုပြောပြရမယ်ဆိုရင်တော့ မနေ့ကအစားအသောက်သောင်းကျန်းခဲ့လို့ပါ ။
ကိုယ်ကပင်လယ်မှာသာမွေးတာ မရွတ်နဲ့ လုံးဝကို
မတည့်ဘူး ။ စားတာနဲ့ဗိုက်နာတော့တာပဲ ။
လူ့စိတ် ဆိုတာကလည်း သိတယ်မဟုတ်လား ။
မတည့်တဲ့အစားအသောက်ဆိုရင် ပိုပြီးကြိုက်တယ် ။ ပိုပြီးစားချင်တယ် ။

မနေ့က နေလည်ဘက် ဘကြီးသာမောင်ရဲ့သား
ဖိုးထွေးနဲ့ ပိုက်တန်းလိုက်သွားတာ ။ ပိုက်တန်းကအပြန် ဖိုးထွေးအမေ ဘွားလေးရီက မရွတ်သုတ်
ထားတယ် ။စားသွားပါဦးခေါ်ကျွေးတာ ။ အစက
တော့ မစားဘူးငြင်းနေပေမယ့် မန်ကျီးသီးမှည့်အ
ချဉ်နဲ့ ရှောက်ရွက်လေးတွေ ထည့်သုတ်ထားတာ
တွေ့လိုက်ရတော့ စားချင်စိတ်က ထိန်းမနိုင်သိမ်းမရဖြစ်လာလို့ လေးငါးလုပ်လောက်ဝင်စားခဲ့မိတာ ။ အခုတော့မနက်လင်းအောင်တောင်မနေနိုင်ဘဲ ဒုက္ခများရှာပြီ ။

တစ်အိမ်လုံး အိပ်နေတဲ့အချိန်မို့ အိမ်သာသွားဖို့
အခန်းထဲကနေ ခြေဖော့ပြီး လျှောက်လာတဲ့အချိန် ကိုကြီး အခန်းရှေ့ရောက်တော့ အခန်းထဲကနေ
စကားပြောသံလိုသဲ့သဲ့ ကြားလိုက်ရသည် ။ အစကတော့ ကိုကြီးတစ်ယောက် ယောင်ပြီး စကားပြောနေတာလားတွေးမိပေမယ့် အခန်းရှေ့က ဖြတ်လျှောက်တဲ့အချိန်မှာ ကြားလိုက်ရတာက စကားပြောသံက လူနှစ်ယောက်ပြောနေတဲ့အသံ ။ သေချာအောင် အခန်းနံရံကို နားကပ်ထောင်ကြည့်လိုက်တဲ့အခါ မိုရ် ဆိုတဲ့အသံကြောင့် ငသန့်တ်ု့ိခေါင်းပေါ် ဆံပင်မွှေးတွေတောင် ထောင်ထသွားမိပါတော့သည် ။

ကိုကြီး နဲ့ ကိုမိုရ် ဒီအချိန်ကြီး ချိန်းတွေ့နေကျတာလား ။ အကုန်အိပ်ကာမှ အခန်းထဲမှာနှစ်ယောက် ထဲရှိနေတာဆိုတော့ မဟုတ်မှလွဲရော ။ မဟုတ်မှလွဲ
ရောဆိုပေမယ့် ငသန့် ရှေ့ဆက်မတွေးနိုင်သေးပါဘူး ။ ဗိုက်ထဲကနေ တဂွီးဂွီးနဲ့ ဆန္ဒပြနေပြီလေ ။
အိမ်သာသွားဖို့ အောက်ထပ်ကို ဆင်းလိုက်တဲ့အချိန် ကိုကြီးအခန်းပြတင်းပေါက်တည့်တည့်ကို ထောင်ထားတဲ့ လှေကားကအဆင်သင့် ။ အဲလှေကားက သရက်ပင်မှာ အမြဲထောင်ထားတာပါ ။ သေချာနေပါပြီ ။ ငသန့်ထင်တာ သေချာနေပြီ ။

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawWhere stories live. Discover now