Part - 18

2.7K 126 4
                                    

Part - 18

                   ချစ်သော  အညို

                       

လူကြီးသုံးယောက်အရှေ့မှာ မျက်နှာငယ်လေးနဲ့
ထိုင်နေရတဲ့ ခွန် နဲ့ မိုရ် ။ တစ်ယောက်လက်ကိုတော့ တစ်ယောက်က တင်းကျပ်စွာကိုင်ထားလို့ ။
တော်တော်ကြာအောင် အသံတွေ တိတ်ဆိတ်နေ
ပြီးကာမှ ချောင်းဟန့်သံ တစ်ချက်နဲ့အတူတူ ----

" မိုက်လိုက်တဲ့ မြေး   တသက်လုံးက လိမ္မာ
လာသမျှ တစ်ခါထဲကို မိုက်ချပြစ်လိုက်တာ
ဖွားအေကြီးရင်နှစ်ခြမ်းဗြမ်းဗြမ်းကွဲတာပဲ ဒီလိုတွေ
ဖြစ်လာမယ်လို့  ငါလေ ရေးရေးလေးတောင်
မတွေးမိပါဘူး "

ဖွားဖွားရယ့် စကားအဆုံးမှာ ခွန်, က လေပြေ
လေးနဲ့ ----

" ဖွားဖွားရယ်  ကျွန်တော့် ဖူးစာက  ဒီလိုပုံစံမျိုးပါလာတာလေ ၊   ပြင်လို့မှမရတော့တာ
စိတ်လျှော့ပါနော် "

ဖွားဖွားကတော့ လုံးဝလက်မခံနိုင်သလိုပုံစံမျိုးနဲ့
သူ့အရှေ့မှာရှိနေတဲ့စားပွဲခုံကို လက်ဝါးနဲ့ရိုက်လိုက်ရင်း ---

" ဖူးစာ ပါလာတာမဟုတ်ဘူးဟေ့  အခုဟာက
ဦးရာလူက ရသွားတာ ငါ့မြေးလေးကို အိမ်နဲ့ခွဲ
ထားတာ တစ်နှစ်တောင်မပြည့်သေးပါဘူးဟယ် 
ပင်လယ်အစွန်အဖျားလည်း ထားခဲ့ရသေးတယ်
လူလည်းပေးလိုက်ရသေး  ပေးလိုက်ရတဲ့လူကျ
တော့လည်း ၊ အောင်မလေး ငါ သေသာသေလိုက်ချင်ပါတော့တယ်  ခွန်မှိုင်းညို ရယ် "

ဖွားဖွားရဲ့စကားကြောင့် မိုရ့်အမေကလဲ မခံမရပ်နိုင်
ဖြစ်သွားရကာ ---

" အဲလိုတော့ တဖက်သက် မပြောပါနဲ့အဒေါ်ရယ့် ကျွန်မသားကလည်း မိသားစုအတွက် အဖိုး
တန်လေးပါ ကျွန်မသားလေးကို ခိုးပြေးလာတာ
အဒေါ်မြေးမဟုတ်လား ၊ ကျောင်းတောင် မပြီးသေးတဲ့ကလေးကို ခုလိုတော့ မလုပ်သင့်ပါဘူး "

အမေ့စကားကြောင့် မိုရ်, ကတော့ မသိမသာပြုံး
လိုက်မိပါသည် ။ အခုကျမှ သူ့သားကြက်သမား
အရက်သမားကို အဖိုးတန်လေးဆိုပြီး အမွှန်းတင်
နေရှာတာ ။ အရေးကြုံလာမှ သားလေးရဲ့ တန်ဖိုးကိုသိနေတဲ့အမေ ။

" သူ့လူကိုယ့်လူ အဖိုးတန်တာပြိုင်ရရင်  ခွန် က
အင်ဂျင်နီယာဘွဲ့ရထားတာပါ နိုင်ငံခြားသင်္ဘောမှာ ရာထူးကြီးကြီးနဲ့ လစာကောင်းကောင်းရနေတဲ့
ကလေးပါ ၊ သူ့ကို သမက်တော်ချင်တဲ့ သမီးရှင်တွေမှ ပုံနေတာပဲ အခု ခိုးပြေလာတာကရော ဘယ် သူ့အခန်းလဲ ၊ ရောက်နေတဲ့နေရာကိုကြည့်လိုက် တာနဲ့ ဘယ်သူက ဘယ်သူ့ကို  ခိုးပြေးလာတာလဲ အသိအသာကြီး "

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawWhere stories live. Discover now