Part - 2
Part - 2
ချစ်သော အညို
ဖေဖေ့ နာရေးကို လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့
သုံးရက်ထားပြီး သဂြိုလ်လိုက်တာကြောင့် ရပ်ဝေး
ကအမျိုးတွေကတော့ ရက်လည်အထိ မစောင့်
ဘဲ ပြန်သွားကျသည် ။ နာရေးအိမ်ပေမယ့်
လူကသိပ်မများဘဲ အိမ်ရှေ့ကွက်ပျစ်မှာတော့ ရွာဓလေ့ နာရေးလာစောင့်ပေးတဲ့သူတွေရဲ့ ဖဲဝိုင်း ။
ဖေဖေ မြေချတဲ့ညမှာပဲ အဒေါ်က ဖိုးဖိုးကြီး နဲ့
ဖွားဖွားကြီးတို့အရှေ့မှာ နာရေးုပီးတာနဲ့ သူမ
မယ်သီလရှင်ဝတ်ပြီး အသက်ထက်ဆုံးနေလို
ကြောင်း ခွင့်ပန်လာတာမို့ စိတ်မကောင်းပေမယ့်
ခွင့်ပြုလိုက်ရပြန်သည် ။ အဒေါ် ၊ ခွန် ၊ ဖိုးဖိုးကြီး
နဲ့ ဖွားဖွားတို့အိမ်ထဲမှာ ထိုင်စကားပြောနေတဲ့အချိန်
အိမ်ရှေ့ကွက်ပျစ်က မီးချောင်းအလင်းရောင်အောက်မှာတော့ နာရေးကိုလာစောင့်ပေးတဲ့လူငယ်တွေရဲ့ဖဲဝိုင်းတွေက ပိုပြီးစည်ကားလို့လာသည် ။တစ်ချက်တစ်ချက် ငြင်းခုံကျရင်း ထွက်လာတဲ့
အသံတွေထဲမှာ ရွာကိုလာတဲ့နေ့ကတွေ့ခဲ့ရတဲ့
ဂြိုလ်ကောင်လေးအသံက အကျယ်ဆုံး ။အရပ်က ကလန့်ကလား ၊ လူပုံစံက ပိန်ပိန်ပါးပါး ၊ အသားညိုညို ၊ ဆံပင်ဘုတ်သိုက်နဲ့ကိုမှ ပုဆိုးတိုတိုဝတ်ထားတဲ့ပုံစံနဲ့ဟာ မျက်စိထဲမြင်နေရတာ တကယ်ပဲ ဒေါင့်မကျိုးလှ ။
ငါးယောက်တဝိုင်းထိုင်နေတဲ့ ဖဲဝိုင်းတွေထဲကမှ
ဂြိုလ်ကောင်လေး အသံကအစွာဆုံး ။ ဖဲရိုက်နေရင်းကနေ ဘေးနားမှချထားတဲ့ ကွမ်းယာဘူးထဲက
ကွမ်းကိုလည်း ထုတ်ပြီးဝါးနေသေးတာ ။ နာရေး
အတွက်ရွာကိုစရောက်ထဲက တွေ့နေရတဲ့ ထိုဒေါင့်မကျိုးကောင်သည် ကိုယ့်ညီတွေထဲက အကြီးကောင်ငမိုးနဲ့ သူငယ်ချင်းဖြစ်ဖို့များသည် ။ နာရေးအိမ်မှာ
အောက်ခြေသိမ်း အကုန်လုပ်ပေးပေမယ့် အစားအသောက်စားချိန်ဆို မတွေ့ရတော့ ။ နောက်ဆုံး ကွမ်းတောင် သူ့ကွမ်းဘူးနဲ့ သူလာတာ ။ ပုံစံက
တော့ ထောင့်မကျိုး ကြီးတောင့်ကြီးကျယ်ပုံ ။" ဒါနဲ့ အဝင်းရယ် ညည်းကသာ နာရေးပြီးရင်
မယ်သီလရှင်ဝတ်မယ်ဆိုနေတာ၊ ညည်းသား
သုံးယောက်ကိုက ဘယ်လိုလုပ်မတုန်း "
أنت تقرأ
ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+Zaw