Part - 5

3.3K 176 7
                                    

Part- 5

                     ချစ်သော အညို

                      

" လူကြီးက ကျွန်တော်ပြောတာကိုမယုံဘူးလား "

ကိုယ့်ကိုကြည့်ပြီး မေးခွန်းထုတ်လာတဲ့ကောင်လေး
ကြောင့်  ခေါင်းကိုသာ အသာခါရမ်းပြလိုက်မိသည် ။

" ငါက မင်းကို ဘာမှလည်း မပြောရသေးပါလား
ကွာ "

" ပါးစပ်က ဖွင့်မပြောပေမယ့် မျက်လုံးတွေက
စကားပြောတယ်လေ ၊လူကြီး ကျွန်တော့်ကိုကြည့်လာတဲ့အကြည့်က  ဒီငချွတ် ဘာတွေလာပြောနေတာလဲ ဆိုတဲ့အကြည့်မျိုး ၊ မသိရင်ခက်မယ် "

ကိုယ့်ရှေ့က ညှင်းသိုးသိုးပုံစံနဲ့ ကွမ်းဝါးနေတဲ့
ကောင်လေးကိုကြည့်ရင်း  နည်းနည်းတော့ဖြုံ
သွားပါသည် ။ တကယ်ပဲ ဒီငဂျစ်ကောင်က
လူကဲခတ်တော်နေလေရော ။ ကိုယ့်အတွေးကို
အကြည့်နဲ့တင် သူသိနေတာ နည်းနည်းတော့
အံ့သြစရာ ။

" ဒီလိုလုပ်ရအောင်  လူကြီးအကြွေးစာရင်းစာအုပ် ကျွန်တော့်ကိုပြ အဲထဲက အနည်းဆုံးတစ်ယောက်တော့ ဒီနေ့အကြွေးလာဆပ်စေရမယ် "

ပိုင်ပိုင်နိုင်နိုင်ပြောလာတဲ့စကားကြောင့် မယုံမရဲစိတ်နဲ့

" မင်းဟာက  သေချာလှချည်လား "

ငဂျစ်ကောင်က ပြုံးစစမျက်နှာနဲ့ မျက်ခုံးတစ်ဖက်ထဲ
ပင့်ပြလာရင်း

" သေချာတာမဟုတ်ရပါဘူးဗျာ ၊ လူကြီးက ကျွန်
တော့်အပေါ်ယံပုံစံကိုကြည့်ပြီး လျှော့တွက်လွန်းနေတာပါ ၊ ဒီအလုပ်တွေဆိုတာက ကျွန်တော်ဝင်မလုပ် ဘူးပေမယ့် ငယ်ငယ်ထဲက ရင်းနှီးနေပြီးသား မိသားစုအလုပ်လေ ၊ အကြွေးဘယ်လိုတောင်းရ
မယ်ဆိုတာလောက်ကတော့ ကလေးကစားနေတာလောက်ပဲရှိတယ် ၊ ခက်ခက်ခဲခဲရှိမနေဘူး "

ငဂျစ်ကောင်ပြောတဲ့စကားကြောင့် အတွေး
တစ်ခုဝင်လာသည် ။ ဟုတ်ပါရဲ့ ။ ဒီကောင်လေး
ကိုစမြင်တုန်းက ကလေကချေလို့ထင်ခဲ့ပေမယ့်
နောက်ပိုင်း ငမိုးတို့ပြောစကားအရ ဒီရွာက ပိုက်ဆံ
အရှိဆုံး ဒေါ်ချစ်ဈေးဆိုင်အိမ်က သားအငယ်ဆုံးတဲ့လေ ။

သူ့မိဘတွေက ကိုယ့်ရွာတင်မဟုတ်ဘဲ ဘေးရွာတွေ
အထိ စီးပွားရေးလက်တံ ဖြန့်ထားနိုင်တဲ့သူတွေ ။
သူကိုယ်တိုင်ကလည်း တက္ကသိုလ် နောက်ဆုံးနှစ်
ကျောင်းသားတဲ့ ။ ဒီလိုအိမ်က ဒီလိုလူမျိုးအတွက်
အိမ်ရဲ့စီးပွားရေးကို ဝင်မလုပ်ဘူးသည့်တိုင် ကြားဖူး
မြင်ဖူးနေမှာမလွဲ ။ ဒီနယ်တဝိုက် ငွေကြေးနဲ့ပတ်
သက်ရင် သူတို့မိသားစုကို မသိသူမရှိဘူးမဟုတ် လား ။

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawWhere stories live. Discover now