Part - 6
ချစ်သော အညို
အိမ်ရှေ့ဈေးဆိုင်မှာ ဈေးလာဝယ်တဲ့သူတွေကိုရှောင်ပြီး အိမ်ထဲကိုဝင်လာလိုက်သည် ။ ထိုင်ခုံမှာ
ထိုင်နေတဲ့အမေကိုမြင်တယ်ဆိုရင်ပဲ ခေါင်းမွှေးဆယ်ပင်လောက်က သကြားမင်းဖင်ပြေးထိုးတော့မတက်ထောင်မတ်သွားတယ်လို့ ခံစားလိုက်ရ၏ ။
အာရုံတွေရနေပြီ မကြာခင်အထုအထောင်းခံရတော့မယ် အာရုံတွေ ။" အောင်မလေး ပြန်လာပါပြီ ငါ့သားအလိမ္မာတုံးလေး ကဲ! !!! ကျေးဇူးရှင်လေး လာစမ်းပါအုံး
ကျမအနားကို "ဒီလိုလေသံနဲ့ခေါ်ပြီဆိုထဲက အချိုသပ်ပြီး အစပ်ကျွေးတော့မယ်ဆို သေချာပေါက်သိနေပြီ ။
" ခွပ်!!! "
မိုရ်, အမေ့ဘေးနားက ခုံမှာဝင်ထိုင်လိုက်တယ်ဆို
ရင်ပဲ အမေ့လက်ဆစ်တွေက ကိုယ့်ခေါင်းကို ခွပ်က
နဲ့မိတ်ဆက်လာပါတော့တယ် ။ လူကြီးကို ပြောခဲ့ပါ
တယ် ။ ကြွေးတောင်းပေးရတာ အရင်းအနှီးက ကြီး
ပါတယ်ဆို ။ အခုပဲ စာကလေးအမွှေးနှုတ်ခံရတော့မယ် ။" အား! !!!! နာတယ် အမေရယ့် "
" နာတယ် ဟုတ်လား ဘာနာတာလဲ ဘာနာနေတာလဲ ၊ မနက်က နင် ဘာတွေလုပ်ခဲ့လဲ ငါ့ကိုပြောစမ်း "
သိနေပြီးသားအကြောင်းတွေကို စကားလုပ်ပြီးပြန်မေးနေတာ ဘာအထာလဲ ဒေါ်ဒေါ်ချစ်ရယ် ။
အနော်ရထာလား ။ အလကားနေ လေတွေ
ကုန်အောင်လို့ ။" အမေ့ကို အမေ့ကြွေးသမားတွေ အိမ်ကိုဝင်လာပြီး ပြောတယ်မဟုတ်လား "
ခပ်တည်တည်နဲ့မေးလိုက်တော့ အမေကယောင်တောင်တောင်နဲ့ ခေါင်းညှိမ့်ပြလာရင်း
" အေး ပြောတယ် "
" ပြောခဲ့တာကို ဘာလို့သားကိုထပ်မေးနေသေးတာတုန်း အလကား အာညောင်းအောင် "
" ခွပ်! !!!! "
အမေ့ရဲ့ လက်ဆောင်နောက်တစ်ချက် ။
နာလိုက်တာမှ အီစလံကိုဝေနေရော ။ ခေါင်းကို
လက်နဲ့ ဖိပွတ်နေလိုက်ရင်း" အား! !!!! အမေ ကျွန်တော့် ခေါင်းနာတယ်နော်
စိတ်တိုလာပြီ "အမေက ကိုယ့်ကိုစားတော့ဝါးတော့မတက် ကြည့်လာရင်း
أنت تقرأ
ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+Zaw