Part - 27

3.1K 140 2
                                    


Part - 27

                   ချစ်သော  အညို

                       

" အညို "

မိုရ် က ကိုယ့်ကို အနောက်ကနေဖတ်ထားရင်းလာခေါ်နေတာကြောင့် ပြန်လှည့်မကြည့်ဘဲနဲ့ထူး
လိုက်ပါသည်။

" ဘာလဲ "

အသံမာမာနဲ့ ပြန်ထူးလိုက်တာကြောင့် သူပြောမယ့်စကားကို ချက်ချင်းမပြောသေးပဲ တိတ်ဆိတ်သွားကာ တအောင့်လောက်ကြာတော့မှ -----

" ဟိုလေ ကျွန်တော့်ကို စိတ်ဆိုးနေရင်တောင်
ကျွန်တော်ဝယ်လာပေးတဲ့ ပုဆိုးလေးတွေ ဝတ်ပါနော် ၊အခုမဝတ်သေးလည်း သိမ်းထားလိုက်ပြီး စိတ်ဆိုးပြေမှဝတ်လေ ၊ အသစ်ဆိုတော့ကော်တွေတောင့်နေမှာ ၊မနက်ကျရင် ကျွန်တော်လျှော်ပေးထားမယ် "

တကယ်တော့ ခွန် စိတ်ထဲ မိုရ့် က ကိုယ့်ကို အရင်ကလိုပဲ တီတီတာတာတွေပြောပြီး ချော့တော့မယ်ထင်နေတာ ။ တကယ်ကြားလိုက်ရတာက သူဝယ်လာတဲ့ပုဆိုးလေးတွေကို ဝတ်ပါတဲ့လား ။ နည်းနည်းတောင် နင်သွားသလိုခံစားလိုက်ရသည်။

" ငါက အရင်လို မင်းရဲ့ ရေပတ်မဝင်အောင်ပြောတဲ့စကားတွေနဲ့  ဆင်ခြေတွေပေးတော့မယ်ထင်နေတာ ၊ လက်စသတ်တော့ မင်းက ဝယ်လာတဲ့ပုဆိုးတွေကို မဝတ်မှာစိုးနေတာကိုး "

ကိုယ်ကအကြီးဖြစ်ပြီး သဘောထားနုတယ်ပဲဆိုဆို
စိတ်ထဲမကျေနပ်တာကို နည်းနည်းလောက်တော့
စကားနာထိုးလိုက်မိသည်။

" မဟုတ်ပါဘူး  ကျွန်တော် အဲလိုတွေပြောလို့  အညို မကြိုက်တဲ့ စကားတွေပါသွားရင် ဘယ်လိုလုပ်မလဲ ၊ အခုတောင် အညိုက အရမ်းဒေါသထွက်နေတာကို ကျွန်တော်ထပ်ပြီးပြောမယ့်စကားတွေထဲမှာ အမှားတွေထပ်ပါမှာစိုးလို့ "

ဒီလိုတွေကြားရပြန်တော့လဲ စိတ်မကောင်းပြန်။
ကိုယ်ပြောတာ နည်းနည်းတော့များသွားတယ်လေ။

" ငါ ဘယ်သူ့အတွက်ပြောနေတာလဲဆိုတာ မင်းသိတယ်မဟုတ်လား "

" သိပါတယ် သိလို့လည်း နောက်တစ်ခါ အဲလိုထပ်မဖြစ်စေရဘူးနော် ၊ နောက်ဆိုရင် ဘာဖြစ်ဖြစ် အညို့ ကိုအရင်ဆုံးပြောပါ့မယ် "

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawWhere stories live. Discover now