Part - 19

2.7K 122 2
                                    

Part - 19

                 ချစ်သော  အညို

                     

အိမ်တံခါးကို အသာပြန်ပိတ်ပြီးမှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်
လိုက်မိပါသည် ။ အချိန်က မနက်စောစော လေးနာရီသာသာ ။ ကျောပိုးအိတ်တစ်လုံးထဲ နှစ်ယောက်စလုံးရဲ့ အဝတ်အစား အနည်းငယ်ထိုးထည့်ထား
ပြီး ငွေဆောင်သွားဖို့ ခိုးထွက်လာတာ ။ အိမ်ထဲကလူကြီးတွေကတော့ အိပ်မောကျကောင်းနေတုန်း ။

ခွန်, ဘဝလည်း ဒီငဂျစ်ကောင်နဲ့တွေ့မှ သူခိုးလို ခိုး
ကြောင်ခိုးဝှက်ဘဝရောက်ရပြီ ။ ဒါတောင် အစဘဲရှိသေးတာ ။ နောက်ဆို ပိုဆိုးလာမယ်ထင်ပါရဲ့ ။
လွဏ်းရိပ်မိုရ်! !!! လွဏ်းရိပ်မိုရ် ! !!! ငါ့ကို ဒုက္ခပေးဖို့များမွေးဖွားလာသလားလို့ မေးရအောင်လည်း အခု အဲဒီဒုက္ခအိုးထဲကို ကိုယ်ကိုယ်တိုင်က ပျော်ပျော်ကြီး လက်ပစ်ကူးနေမိတဲ့ဘဝ ။ အနေနီးလို့
ဓာတ်တူနာမ်တူတွေများဖြစ်လာလေသလားလို့တောင် တွေးမိလာသည် ။

ဒီလိုနဲ့ပဲ ကိုယ် နဲ့ မိုရ် တို့ ဒုတိယအကြိမ် ခိုးရာထွက်
ပြေးကြလေသတည်းပေါ့ ။ ဘယ်သူထင်မှာလဲ
ဘဝမှာခိုးရာနှစ်ကြိမ်လိုက်ရလိမ့်မယ်လို့ ။ မိုရ်နဲ့
ပတ်သက်မိရင် အခုလိုမျိုးမထင်မှတ်ထားတာတွေက ရှေ့ဆက်ဘဝတစ်လျောက်လုံး အများကြီးကြုံရနိုင်လေသည်။ နောက်ဆိုရင် ကြုံလာရမယ့်အရာတွေအတွက် အခုထဲကကြိုတင်လေ့ကျင့်နေတယ် လို့သာတွေးရဖို့ရှိတော့၏ ။

ငွေဆောင်ကို ရောက်တော့ ကမ်းခြေနဲ့အနီးဆုံး Hotel မှာ တည်းကျရင်းညနေဘက် လမ်းလျှောက်ထွက်ဖို့ မိုရ် ,က စကားစလာပါတယ် ။ တစ်စက်လေးမှကို ငြိမ်နေလိုမရတဲ့အကောင်မို့ မျောက်နဲ့
လောက်များစပ်ကျထားသလားလို့ ခပ်ရွဲ့ရွဲ့တွေးလိုက်မိသေးသည် ။

" အညို! !! ညနေကျရင် ကမ်းခြေမှာ လမ်းလျှောက်ရအောင်နော် "

" ကမ်းခြေမှာ လမ်းလျှောက်ရအောင်  မင်းက
ပင်လယ်မမြင်ဘူးတဲ့သူလား အပိုတွေတအား
လုပ်တာပဲ "

လေသံခပ်မာမာနဲ့ပြောလိုက်တော့ ခဏလောက်တော့ စကားပြန်မရ ။ ငြိမ်သွားလေတော့သည်။

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawWhere stories live. Discover now