Part - 30 ( Final )

4.7K 161 10
                                    

Part - 30

                   ချစ်သော အညို

                       

ဘွဲ့နှင်းသဘင်ခန်းမထဲက ထွက်လာတဲ့အချိန် မိုရ့်
မျက်နှာလေးက ပြုံးလို့ရွှင်လို့ ။ ဒီနေ့ကတော့ လွဏ်း
ရိပ်မိုရ် ရဲ့ ဘွဲ့ယူတဲ့နေပေါ့ ။ မိုရ် ပြုံးတဲ့အပြုံးက
ဘွဲ့ရသွားလို့ဆိုတာထက် ဘွဲ့မယူခင်ရှေ့တရက်က မိုရ် နဲ့ ကိုယ် က တိုင်းတရားရုံးမှာ နှစ်ဖက်လူကြီး
တွေ့ရဲ့ခွင့်ပြုချက်နဲ့ တရားဝင်လက်ထပ်စာချုပ်မှာ
လက်မှတ်ထိုးခွင့်ရခဲ့လို့ ကြည်နူးနေတဲ့အပြုံး ။
ပညာလည်းစုံ ကြင်ယာလည်းစုံ ဆိုပါတော့ ။

ဘွဲ့ဝတ်စုံလေးဝတ်ထားတဲ့ ကိုယ့်ကလေးလေးကို
ကြည့်ရင်း ခွန် လည်း ထပ်တူပျော်နေရတာပါပဲ ။
လက်မှတ်ထိုးခဲ့တဲ့အချိန်တုန်းကဆို ကိုယ့်ကလေး
က အပျော်လွန်ပြီး မျက်ရည်တောင်ကျလာရှာသေးတာ ။ မိုရ် ကိုယ့်အပေါ်ထားတဲ့အချစ်က လက်
ကုန်ပါပဲလို့ ပြောရမလို ။ သူချစ်နိုင်သမျှ လူရော
စိတ်ရောနှစ်ပြီး ချစ်ပေးရှာတာ ။ ဒါကြောင့်ပဲ
ကိုယ် က တရားဝင်လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာ
ပါ ။ ဒါက မိုရ် ဖြစ်ချင်နေတဲ့ ဆန္ဒလေးတစ်ခုလေ။

စာချုပ်ပေါ်က လက်မှတ်တစ်ခုဟာ လူနှစ်ယောက်ရဲ့ဘဝကို အတင်းအကျပ် ချည်နှောင်လို့မရဘူး
ဆိုပေမယ့် လက်မှတ်ထိုးခွင့်ရတဲ့အချိန်မှာဖြစ်တည်လာတဲ့ ပျော်ရွှင်ကြည်နူးမှုကိုတော့ အနာဂါတ် အထိ သယ်ဆောင်သွားလို့ရတာအမှန်ပါပဲ ။ ဒါဟာ မိုရ့် ကို ကိုယ့်ပေးနိုင်တဲ့ လက်ဆောင်သေးသေးလေးတစ်ခု ။

ခွန် ကတော့ ကိုယ့်ကလေးလေးကို ပျော်စေချင်ယုံသာ ။ လက်ထပ်စာချုပ်ဆိုတာမရှိလည်း ကိုယ်က သူ့အနားမှာ သေတပန်သက်တဆုံး နေမယ့်သူပါပဲ ။
ဘာအကြောင်းပြချက်နဲ့မှ ခွဲသွားဖို့ မဖြစ်နိုင်အောင်
လွဏ်းရိပ်မိုရ် ဆိုတဲ့ကောင်လေးက ကိုယ့်ကို လုံလုံ
လောက်လောက် ပြုစားထားပြီးသားမဟုတ်လား ။ ကိုယ့်လိုလူကို ချစ်ခြင်းမေတ္တာအကြောင်း သင်ပေးခဲ့တဲ့လက်ဦးဆရာလေး ။

ပုံမှန်ဆိုရင် စကားသိပ်မပြောတဲ့ကိုယ်က မိုရ့် ကို
ခဏလေးခွဲရတာနဲ့ အလွမ်းတွေကို စာစီတက်လာပြီ ။ ချစ်ခြင်းမေတ္တာနဲ့တွေ့ရင် လူတိုင်းက ကဗျာဆရာတွေ ဖြစ်ကုန်တက်တယ်ဆိုတဲ့ စကားကို ကိုယ်ကတော့ တကယ်ယုံကြည်မိပါသည် ။ ချစ်တယ်လို့ ခဏခဏမပြောဖြစ်ပေမယ့် ကိုယ်ချစ်တာကို သူသိအောင် နူးနူးညံ့ညံ့စကားလေးတွေနဲ့ ပြောပြတက်နေပြီ ။

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawDonde viven las historias. Descúbrelo ahora