Part - 9

3.3K 174 2
                                    


Part - 9

                   ချစ်သော  အညို

                        

" ငမိုး! !!! ဟေ့ကောင် ငမိုး "

ခြံထဲဝင်လာတာနဲ့ အော်ခေါ်လိုက်တာမို့

" ဟေ! !!! ဝင်လာခဲ့ မိုရ် , ရေ ငါ အကို့ကို ထမ်းဖို့
ပုခက်လုပ်နေလို့ "

အမြဲလာနေကျ ငမိုးတို့အိမ်က လှေကားတစ်တွေဟာ ဒီညကျမှ အထစ်တွေများနေတယ်လို့ ခံစား
လိုက်ရတာကြောင့် ကျော်ခွပြီး တက်လိုက်သည် ။
အိမ်ရှေ့ခန်းမှာ လှဲနေတဲ့ အညို့ပုံစံကြောင့် ကိုယ့်
ရင်ထဲမှာနင့်ကနဲ ။ ကိုယ်သာစက်လှေကို ဒီထက်မြန်မြန်ရှာနိုင်ခဲ့ရင် အညို့ရောဂါ နည်းနည်းစောပြီး
ကုလို့ရနိုင်ပါရဲ့ ။ ကိုယ်က အသုံးမကျလိုက်တာ။

" ပုခက်က ပြီးပြီလား  နောက်ပြီး လိုတာတွေရော
ထည့်ထားလား "

" ပြီးပြီး အဆင်သင့်ပဲ သွားရအောင် ငါနဲ့
ငသစ်က ပုခတ်ထမ်းမယ် ၊အငယ်ကောင် မင်းက
လိုတာတွေသယ်လာခဲ့ ၊ မကျန်ခဲ့စေနဲ့နော် "

" ဟုတ်ကဲ့ ကိုမိုး "

" ခဏနေဦး "

ကိုယ် တားလိုက်တဲ့အသံကြောင့် အကုန်လုံးက
လှည့်ကြည့်လာစဉ်

" အငယ်ကောင် တဘက်အသေးလေးတစ်ထည် ရှာလာခဲ့ ၊ အကို့ကို ပုခက်ထဲထည့်ပြီးရင်
မျက်နှာကို ပဝါလေးအုပ်ထား လှေဆိပ်ကိုဆင်းရ
မယ့်လမ်းက မှောင်နေပြီ "

" ဟုတ်ကဲ့ ကိုကြီးမိုရ် "

မိုရ်, စကားဆုံးတာနဲ့ အငယ်ကောင်က တန်းပေါ်
လွှားထားတဲ့ တဘက်တစ်ထည် ယူချလာပါတယ် ။

" ငါ အရှေ့က ထမ်းမယ် "

" မင်းမထမ်းလည်းရပါတယ် မိုရ်ရယ် ၊ ငါ နဲ့
ငသစ် ထမ်းလိုက်ပါ့မယ် "

" မင်းစကားများနေတာ အချိန်ပိုကြာတယ် ငမိုး ၊
သွားရအောင် အငယ်ကောင် ဘေးကနေ
ဓာတ်မီးထိုး "

ပြောပြီးတာနဲ့ ပုခက်ကို အရှေ့ကနေ ဝင်ထမ်း
လိုက်သည် ။ မှောင်မဲနေတဲ့ ရွာလမ်းတစ်လျှောက် ဓာတ်မီး အလင်းရောင်ကို အားကိုးပြီး စက်လှေဆီ
ရောက်အောင် အမြန်လျှောက်နေမိတဲ့ ကိုယ် ။

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawМесто, где живут истории. Откройте их для себя