ဝေခွဲမရသောစိတ်အခြေနေ(ေဝခြဲမရေသာစိတ္အေျခေန)

Start from the beginning
                                    

"ဘာ...ဘာတူလို့လဲမတူပါဘူး"

"ကျွန်တော်တော့လေ မင်းကြီးကိုတွေ့တိုင်းဒူးတုန်​ေအာင်ကြောက်နေရလို့လားမသိ ကျောပြင်မြင်ရင်တောင်မှတ်မိနေတာမို့ အခုဒါလဲ မင်းကြီးပုံဆိုတာမပြောပဲသိ...."

"ဆက်ပြောရင်နေ့လည်စာအငတ်ထားမယ်"

"သခင်လေးကလဲ"

"အားယောင် ဒီအဆောင်ကသရဲခြောက်တယ်ဆို"

"ဘယ်သူအာချောင်သွားတာတုန်း မဟုတ်မဟတ် တွေ ဘယ့်နှယ့်လုပ်ဒီအဆောင်ကသရဲခြောက်မှာတုန်း အလကားရူးနေလို့ပြောတာသခင်လေးရဲ တစ်ကယ်တော့မခြောက်ဘူး"

"ဟင်!!!ဟုတ်လား"

"ဟုတ်တယ် ဒါနဲ့ပြောပါဦး....ကျွန်တော့်သခင်လေးကိုဘယ် အယုတ်တမာ အာချောင်လိုက်တာတုန်း"

"မင်းကြီး"

"ဟင်!!!ဘယ်မလဲမင်းကြီးက"

"အယုတ်တမာအာချောင်တာမဟုတ်ဘူး မင်းကြီးရဲ့ရွှေနှုတ်တော်ကမြွတ်ဟသွားတာ"

"ဗျာ"

"အားယောင် မင်းပြောတော့မင်ကြီးကိုကြောက်တယ်ဆို အခုများဖြင့်ပြောဆိုနေတာ ရစရာကိုမရှိတော့ဘူး ငါပြန်တိုင်လိုက်ရမလား"

"မ..... မတိုင်ပါနဲ့သခင်လေးရယ် မတိုင်ပါနဲ့"

"ဟားဟားငကြောက်"

****

"သခင်လေး"

"ဆို"

"အမတော်ပြောတာမယုံမရှိနဲ့နော်"

"တော်စမ်းကျိုးချန် မွေးဖွားမလာသေးတဲ့လူသားတစ်ယောက်ကိုထင်ရာမြင်ရာလျှောက်မပြောစမ်းနဲ့"

"ဒါမဲ့အမတော်ပြောတာလွဲခဲတယ်လေ"

"တော်ပြီ ဆက်မပြောတော့နဲ့ကျိုးချန် "

"သတိတော့ထားပေါ့ အမတော်ကလဲ ကောင်းစေချင်လို့ပြောတာပါ"

*ဘယ်ဘဝမှာရှိနေလဲတောင်မသိတဲ့ကလေးကိုနိမိတ်ဖတ်နေတယ် ငါ့အမတော်ကတော့လေ ငါကဖြင့်ဘယ်မိန်းမနဲ့မှတောင်မအိပ်ဖူးသေးဘူး......ဟင်*

ရှောင်းကျန့်ရဲ့အတွေးစတွေက အမတော်ပြောခဲ့တဲ့စကားများကြောင့်ရပ်တန့်သွားရသည်။ထူးဆန်းတဲ့မွေးဖွားခြင်းမျိုးနဲ့မွေးဖွားလာတဲ့ကလေး။တစ်ဆက်ထဲ မြင်မိတာ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးမျက်နှာ...ဟင့်အင်းမဟုတ်ပါဘူးလျှောက်တွေးနေပြန်ပါပြီ။

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWhere stories live. Discover now