| ၁ |

1.2K 107 28
                                    

တိတ်ဆိတ်နေသော ပြည့်ရှင်မင်းကြီး၏အစည်းအဝေးရုံးတော်ကြီး တနည်းဆို ညီလာခံခန်းမဆောင်ကြီး။
မှူးမတ်များက အစည်းအဝေးခန်းမကြီး၏အပြည့်ခင်းကြင်းထားသောအနီရောင်ကောဇောပြင်ကြီးကို နဖူးဖြင့်ထိလုနီးနီးပြည့်ရှင်မင်းကြီးKim Taehyungအား အရိုအသေပေးနေကြသည်။
မှူး‌မတ်ပေါင်း တစ်ရာကျော်သည်အစည်းအဝေးခန်းမဆောင်ထဲရှိနေကြပြီး ကျန်အရေးမပါလှသောမှူးမတ်(၄၀၀)ကျော်တို့ဟာ အစည်းအဝေးခန်းမဆောင်ရဲ့အပြင် နေပူပူထဲတွင်အရိုအသေပေးလျှက်ရှိသည်။
မှူးမတ်များမှာ ထိုသို့ကြမ်းပြင်နှင့်နဖူးထိလုနီးအရိုအသေပေးနေကြရသည်မှာ နာရီဝက်ပင်ရှိလေပြီ။

ဒေါသအလျောက်ကြီးမားတော်မူသော ပြည့်ရှင်မင်းကြီးKim Taehyungသည် သက်တော်(၃၀)ရှိပြီဖြစ်၍ အရင်မင်းကြီးလက်ထပ်သားတော်ပေါင်း(၁၀၀)ကျော်ရှိသည့်အနက် (၃၄)ယောက်မြှောက်သောသားတော်ဖြစ်ပြီး ရှေ့တွင်ရှိသော   အဖေတူအမေကွဲညီအကိုများကို သုတ်သင်ရှင်းလင်းကာထီးနန်းကိုရရှိထားခြင်းဖြစ်သည်။

ရဲစွမ်းသတ္တိအပြည့် ၊ ဝီရိယအပြည့် ၊ အားမာန်အပြည့်ဖြင့် ပြည့်ရှင်မင်းကြီးKim Taehyung သည် ၎င်းလက်ထပ်မှ တိုင်းပြည်အင်အားကိုတိုးချဲ့သိမ်းပိုက်နိုင်လာပြီး သူ၏ဘုန်းတန်ခိုးအင်အားဖြင့်(၅)ပြည်ထောင်ပြည့်ရှင်မင်းဖြစ်လာသည်။
မိဖုရား(၅)ပါးရှိ၍ မိဖုရားခေါင်(ဧကရီ)တော့မထားရသေးပေ။
ထိုမိဖုရားများထဲမှ(၄)ယောက်သည် အိမ်နီးချင်းတိုင်းပြည်များကဆတ်သသောမင်းသမီးများဖြစ်၍ ကျန်တစ်ယောက်မှာ ပြည့်ရှင်မင်းကြီးကိုယ်တိုင်နှစ်သက်သဘောကျ၍မိဖုရားမြှောက်ထားသူဖြစ်သည်။
သူမနမည်သည် Yo MiHanဖြစ်ပြီး အသက်အနေဖြင့်ပြည့်ရှင်မင်းကြီးနှင့် (၅)နှစ်မျှသက်တော်ကွာခြား၍ ပြည့်ရှင်မင်းကြီးထက်သက်တော်ကြီးကာငယ်စဉ်ကတည်းကသိကျွမ်းခဲ့ကြသူများဖြစ်သည်။

ယခုဆိုလျှင် ပြည့်ရှင်မင်းကြီးKimဟာ ထီးနန်းဆက်ခံသည်မှာ(၆)နှစ်မျှပင်ရှိလေပြီဖြစ်သည်။
ထီးနန်းစတင်ဆက်ခံကတည်းက ပြည့်ရှင်မင်းကြီးKimဆင်နွှဲခဲ့သမျှစစ်ပွဲများက ရှုံးရိုးထုံးစံမရှိခဲ့။
သို့သော် ယခုတိုက်ခိုက်သောစစ်ပွဲတွင် ကပ်ကာသီကာရှုံးပွဲနွှဲရသဖြင့် ပြည့်ရှင်မင်းKimအမြတ်တော်ထွက်နေခြင်းဖြစ်သည်။

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Hikayelerin yaşadığı yer. Şimdi keşfedin