| ၂၀ |

410 89 32
                                    

" အဓိကပုန်ကန်သူကကျွန်ုပ်ပဲ။ Jeonမဟုတ်ဘူး..အဲ့အတွက်ကျွန်ုပ်ကိုပဲသတ်ပါ.."

လူသတ်ကွင်းထဲကျယ်လောင်စွာပေါ်ထွက်လာတဲ့ မောဟိုက်သံ‌စို့နေတဲ့အော်သံလေး။
ထိုအသံဆီအမတ်တွေအပါအဝင် အပြစ်စီရင်သူတွေ...တိုင်းသူပြည်သားတွေအကုန် အသံလာရာကိုအကြည့်ရောက်ကုန်ကြသည်။

အဖြူရောင်အတွင်းဝတ်စုံနှင့် မောပန်းနေဟန်ရှိသော လူကောင်ခပ်သေးသေးJungအား ကွင်းထဲရှိလူအကုန်ကထူးဆန်းသလိုကြည့်နေကြပြီး တစ်စုတစ်စုတီးတိုးစကားတို့ဆိုနေကြသည် ။
ထိုထဲမှ ဖြူဖြူသေးသေးနဲ့ ကောင်လေးတစ်ယောက် အတိအကျဆိုနည်းပညာပေးအမတ်.. Jeonရဲ့ချစ်သူလေးသည် Jeonအားချုပ်နှောင်ထားသည့်လူသန်တို့ကို ဒေါသတကြီးအော်ဟစ်ကာပြောလာသည်က...

" ကြားကြလား.! ငါ့Jeonမဟုတ်ပါဘူးဆို..!, ဘာလုပ်နေကြတာလဲ! ငါ့ Jeonကိုလွတ်ပြီး ကိုယ်လုပ်တော်Jungကိုသတ်လေ.!"

Jungမှာ Minစကားကြောင့် ကိုယ်လေးသိမ့်ခနဲတုန်သွားရသည်။
အပြစ်ရှိသူမို့ Jeonအစားသေဒဏ်ကိုယူပေးမှာဖြစ်ပေမယ့် တကယ်တမ်းသေရမယ်ဆိုတာသိရတဲ့အခါ အနည်းနဲ့အများJungကြောက်မိသည်။
သို့သော် ကိုယ့်အားစူးစူးရဲရဲကြည့်ကာမုန်းတီးနေသည့်သဘောရှိသည့် နည်းပညာပေးအမတ်ကို တချက်ကြည့်မိတော့ Jungရှေ့ဆက်တိုးဖို့ကိုသာဆုံးဖြတ်လိုက်သည်။

တခါကJeonပြောဖူးသည်လေ.. ကိုယ့်ကိုတချိန်ကျချစ်ရသူကိုမိတ်ဆက်ပေးမယ်ဆိုတာ။
ခုတော့ မိတ်မဖွဲ့ကပင်ရန်သူဖြစ်လို့သွားရပြီလား။
နန်းတွင်းမှာအရေးပါသူမို့ Minအကြောင်းတွေကိုအနည်းနဲ့အများJungသိပါသည်။
ဘယ်လောက်သွေးအေးလိုက်တဲ့လူလို့နမည်ကြီးလိုက်လဲ။
ခုတော့ Jeonအတွက်သူငိုကြွေးနေရှာသည်။
လက်တွေကိုနောက်ပစ်ချည်နှောင်ခံထားရကာဒူးထောက်နေရသည့်Jeonကိုကြည့်မိပြန်တော့လည်း ငိုမနေပေမဲ့ရင်ထဲနာကျင်နေသည်ဆိုတာမပြောတောင်သိနိုင်ပါသည်။

Jungတကိုယ်ကောင်းမဆန်ဘဲနေကြရအောင်~

" ဟုတ်တယ်။ ကျွန်ုပ်ကစေခိုင်းသူပဲ..သင်တို့သိမှာပါကျွန်ုပ်ကJungတိုင်းပြည်ရဲ့အိမ်ရှေ့စံတစ်ပါးဖြစ်ခဲ့တယ်ဆိုတာကိုလေ... ဒီပုန်ကန်မှုကိုကြိုးကိုင်တဲ့သူကကျွန်ုပ်ပဲမို့ ကျွန်ုပ်ကိုပဲလာသတ်ကြပါ..!"

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now