| ၇ |

470 94 17
                                    

Jeonတစ်ယောက်စားဖိုအဆောင်ဆီကပြန်အလာအတော်ရွှင်ပြနေမိသည်။
ဘာ့ကြောင့်ဆို စားဖိုဆောင်မှာဆုံခဲ့ရတဲ့ နည်းပညာပေးအမတ်လေးကြောင့်ဖြစ်သည်။
အမတ်လေးသည် အသားရေစွတ်စွတ်ဖြူဝင်းပြီး အရပ်အမောင်းကJeonလည်ပင်းကျော်ကျော်မေးလောက်ပဲရှိပြီး  စူပုတ်ပုတ်ကလေးဖြင့်သိပ်ချစ်ဖို့ကောင်းသည်။
စားဖိုကဲနဲ့ရန်ဖြစ်နေပုံလေးက Jeonရဲ့သက်ညှာလေးကိုခြွေယူလိုက်ပုံ။
တဒိတ်ဒိတ်နဲ့ ခုန်မြည်လာခဲ့သောရင်အစုံသည် စားဖိုဆောင်ထဲမှထွက်လာသည်တောင် မြည်နေဆဲ။
သွားသေးသေးလေးများဖြင့် ပြုံးရယ်လိုက်ပုံကလေးက Jeonမျက်လုံးထဲကပင်မထွက်တော့။
အို... မြင်မြင်ချင်းအချစ်ဆိုတာနည်းပညာပေးအမတ်လေးကိုမြင်ကာမှJeonယုံလိုက်ပါပြီ။

" သက်တော်စောင့်Jeon .? ဘယ်ကိုများသွားမလို့လဲဟင်?"

ရုတ်တရက်ဘယ်ဘက်ပုခုံးကိုလာပုတ်၍ မေးလာသည့်အမေးကြောင့် Jeonလန့်သွားမိတာမို့ ရင်ဘတ်ကိုလက်ဖြင့်မိလိုက်မိသည်။
အနောက်မှ လူကိုကြည့်တော့စားဖိုကဲJin..။
Jeonသက်ပြင်းသဲ့သဲ့ချလိုက်ပြီး...

" Jungဆီကိုသွားမလို့ပါ စားတော်ကဲJinကကောဘယ်ကိုများလဲ?"

" မင်းကြီးဆီကိုသွားပြီး ဒီနေ့ဘယ်လိုစားတော်ပွဲမျိုးပြင်ရမလဲဆိုတာမေးမလို့"

Jinအပြောကြောင့် Jeonမျက်လုံးပြူးမိသွားသည်။
ဘယ်လိုကြောင့်များမင်းကြီးကိုသွားမေးရဲရတာလဲ?။
သေးမွှားလွန်းတဲ့ကိစ္စတစ်ရပ်ကိုလေ အလုပ်များပြီးဒေါသကြီးလွန်းတဲ့မင်းကြီးကိုမေးမယ်?။

" သက်တော်‌စောင့်Jeonတွေးနေတာရဲ့အဖြေကို ကျွန်ုပ်အရင်ဖြေပေးမယ်။
ကျွန်ုပ်က မင်းကြီးရဲ့အကောင်းဆုံးစားတော်ကဲ..မင်းကြီးရဲ့ငယ်ငယ်ကမုန့်လုဖက်။မင်းကြီးကိုဒီလိုသေးသေးလေးကအစသွားပြီးမေးရတာကလည်း သက်သက်စနောက်ချင်လို့"

" ဪ~ အဲ့လိုလား။ ဟုတ်ပြီဗျ။ ဒီလိုဆို ကျွန်ုပ်ကိုသွားခွင့်ပေးပါအုန်း "

" အွန်း ကောင်းပါပြီ။"

Jeonလည်း Jinနဲ့လမ်းခွဲ၍ မြင်နေရသည့်Jungအ‌ဆောင်တော်ဆီကိုသွားလိုက်သည်။
အဆောင်နားနီးတော့မြင်ရသည်ကJungသည် အဆောင်အပြင်ခရေပင်ကြီးအောက်က ကွပ်ပစ်ပေါ်တွင်‌ဓားရေးလေ့ကျင့်နေလေသည်။
Jungက အင်မတန်မှအစွဲအလမ်းကြီးသူဖြစ်၍ တိုင်းပြည်ရဲ့အုပ်ချုပ်သူအဖြစ်အခုထိဖြစ်ချင်နေဟန်။
အားမာန်အပြည့်ဖြင့် ဓားအကကိုပုံဖော်နေသည်။
လေအဝှေ့၌ လက်၏ထိန်းအားနဲ့အတူ‌ယိမ်းနွဲ့သွားသည့် ဓားသွားများနဲ့တစ်စုံတစ်ရာကိုလွမ်းနေသလိုပုံ‌ဖော်နေသည့်ဓားအက။
ထိုအကဟာJungငယ်စဉ်က ထပ်ကာထပ်ကာသင်ကြားခဲ့ရသောအကတစ်ခုဖြစ်သလို တစ်ဦးတည်းသောဆရာJung၏မည်တော်ဖြစ်သူမှသင်ပြပေးခဲ့ခြင်း။
ထိုအကတွင် Jungဟာ ခံစားချက်အမျိုးမျိုးကိုပုံဖော်ကတတ်ပြီး ယခုအကသည်Jungတိုင်းပြည်ကိုလွမ်းနေကြောင်းပုံဖော်ကနေခြင်းဖြစ်သည်။

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now