| ၆ |

515 93 17
                                    

ကြာပန်းမျိုးစုံဖူးပွင့်‌နေသောစိမ်း‌တောက်နေသည့်ကြာကန်ကြီး၏အလယ်မှာ လှေသေးသေးတစ်စီးသည် ပန်းချီကားတစ်ချပ်ပမာတင့်တယ်စွာတည်ရှိနေသည်။
ထိုလှေကလေးပေါ်တွင် (၇)နှစ်အရွယ်ကလေးတစ်ယောက်နှင့် (၃၈)နှစ်အရွယ်ရှိသောမိန်းမပျိုလေးတစ်ယောက်ရှိသည်။
ထိုကလေးသည် Jungတိုင်းပြည်ရဲ့လာဘ်ဖြစ်သောအိမ်ရှေ့စံJung Hoseokဖြစ်၍ မိန်းမပျိုလေးမှာ အိမ်ရှေ့စံ၏မယ်တော်Jung Hominပင်။

" မယ်‌တော်~ ‌ဒါလေးစားကြည့်.."

ကြာဖူးကိုကိုင်ဆောင်ထားသော‌ဖွေးဉပြီးအနည်းငယ်တုတ်နေသည့်လက်ကလေးသည် အပြုံးတို့ဖြင့်ကြည်လင်ဝင်းပနေသောသူ၏မယ်တော်ထံ။
Jung Hominမှာ သူမသားငယ်ကမ်းသည့်ကြာဖူးကိုယူ၍..

" သားတော်လေးကမယ်တော့်ကို မကျန်းမာစေချင်ဘူးလားဟင်??"

" ဘာလို့ပါလဲမယ်တော်~ သားတော်ကမယ်တော့်ကိုကျန်းမာစေချင်တယ်လေ"

" ဟင်းး မယ်တော်ရင်ပြည့်နေတာကို သားတော်ကကြာဖူးကိုထပ်ကြွေးတယ်ဆိုတော့ မယ်တော်ကတစ်မျိုးလေးထင်သွားတာ~"

" သားတော်မှအဲ့ဟာမသိတာကို.. ‌အာ့ဆိုပြန်ပေး..! သားတော်ဘာသာပဲစားတော့မယ်"

ရွှေစိတ်တော်ငြိုးသွားပါသော အိမ်ရှေ့စံJungလေးက သူ၏မယ်တော်လက်ထဲကကြာဖူးကိုပြန်ယူ၍ တစ်ယောက်ထဲမှုန်ကုတ်စွာစားတော့သည်။
မယ်တော်ဖြစ်သူမှာတော့သူမသားတော်လေး၏ချစ်စဖွယ်အပြုအမူကြောင့် တခစ်ခစ်ရယ်သွေးလာသည်။
ထိုသည်က အိမ်ရှေ့စံJungကို ပို၍စိတ်ဆိုးစေသည်ကို သူမ,မသိလေခဲ့။

" မယ်တော်.! ဟွန့် စိတ်ဆိုးလိုက်မှာနော်..! ဆက်မရယ်ပါနဲ့"

" ခစ်ခစ် သားတော်လေးကစိတ်ဆိုးနေတာလား? ကြည့်ပါဦး ချစ်စရာကလေးလေး~ ခစ်ခစ်.!"

" မယ်တော်ဆို.!!"

" ခစ်ခစ် မယ်တော့်သားတော်လေးရွှေစိတ်ကလေးလက်တစ်ဆစ်လောက်တိုနေပြီ ခစ်~!"

Jung Hominမှာ အိမ်ရှေ့စံJungကို စနောက်ကာပျော်ရွှင်နေသည်။
သူမသည် သူမသားတော်၏အရှက်သည်းမှုကိုမသိတန်ရာ အိမ်ရှေ့စံJungမျက်နှာပို၍ဆူလာလေ ပို၍စလေပြုသောအခါ  အိမ်ရှေ့စံJungကထင်မထားသောအပြုအမူကိုရုတ်တရက်ပြုလုပ်လာသည်။
ထိုသည်က အိမ်ရှေ့စံJungက လှေပေါ်ကိုမတ်တပ်ထရပ်လိုက်ခြင်း။
Jung Hominမှာ သူမသားတော်အတွက်ထိပ်ပြာသွားရပြီး အိမ်ရှေ့စံJungကိုပြန်ထိုင်ရန်ပြောတော့သည်။

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now