| ၂၁ |

390 88 20
                                    

သာသာငြိမ်ညောင်းလွန်းစွာထွက်ပေါ်နေသော ဗျပ်စောင်းတီးသံတစ်ခု။
သာမန်လူနားထောင်ရင်တောင် အတိုင်းသားခံစားနေရသော ဝမ်းနည်းဖွယ်ရာအသံလေး။
ထိုအသံလေးတွင် လွမ်းဆွေးခြင်းတွေအပြည့်ရစ်သီနေပြီး တစ်စုံတစ်ခုကိုအကြီးကြီးနောင်တရကြောင်းဖွဲ့နွဲ့တီးထားကြောင့် သိပ်ပေါ်လွင်လှသည်။
ဘာ့ကြောင့်ဆို ဖျက်စောင်းကိုတီး‌နေပါသောသွယ်လျလျလက်ပိုင်ရှင်လေး၏မျက်နှာတွင်စီးကျနေသောမျက်ရည်ကြည်တို့ကြောင့်ပင်။
အနက်ရောင်ဝတ်ရုံကြီးဖြင့် ရေကန်ဘေးကမြက်ခင်းပြင်တွင်ပုံ့ပုံ့ကလေးထိုင်ကာ ဗျပ်စောင်းတီးနေသူလေးသည် Jungသာ။
Jungသည် သံစဉ်အလိုက်မျက်လုံးတို့မှိတ်၍စီးမျောခံစားကာ ခံစားချက်တို့ကိုပေါ့ပါးစေရန်အတွက် ကြိုးစားနေသည်။
သို့သော် Jungပါးပြင်တွင်စီးဆင်းနေသည့်မျက်ရည်တွေကတော့ ပေါ့ပါးမလာသည့်ခံစားချက်ကိုဖော်ပြနေသလို။
Jungဘေးနားက ရံရွှေတော်(အပျိုတော်)တို့ကလည်း လွမ်း‌ဆွေးစေဖွယ်ဗျပ်စောင်းသံကြောင့်တမျိုး... မျက်ရည်တွေတသွင်သွင်စီးကျကာဗျပ်စောင်းတီးနေသူလေးကြောင့်တစ်ဖုံ အလိုလိုဝမ်းနည်းလာကြရသည်။
သူမတို့မှာ မျက်လုံးထဲရစ်သိုင်းလာသည့်ငွေ့ရည်တို့ကြောင့်ကောင်းကင်ကိုမော့ကြည့်၍ ငွေ့ရည်တို့ကိုအပြင်သို့လျှံကျမလာစေရန်ထိန်းသိမ်းနေကြရသည်။
သနားဖွယ်ရာမြင်ကွင်း...ကြေကွဲဖွယ်ရာဗျပ်စောင်းသံတို့ဟာ ကြားသူမြင်သူတိုင်းအားသိပ်ဝမ်းနည်းစေရပါသည်။

ခနအကြာရပ်ဆဲသွားသောဗျပ်စောင်းသံလေး..။
ပြီး ပတ်ဝန်းကျင်အားလှိုက်ခတ်လာတဲ့Jungငိုသံလေး။

" အင့် ဟင့်.! အီးးဟီးး ဟင့်! အားး! "

" စိတ်ထိန်းတော်မှုပါကိုယ်လုပ်တော်Jung.."

" ဟင့်! ထွက်သွားကြ! အီးးဟီးး သွားကြ!"

" ကိုယ်လုပ်တော်တပါးအနေနဲ့အခုလို ဟင့် အခုလိုမပြုမူသင့်ကြောင့်ပါ ကိုယ်လုပ်တော်Jung~ "

YiYiမှာ အတော်ငိုနေသူလေးကို နန်းတော်စည်းမျဉ်းစည်းကမ်းတွေအရ ကျယ်လောင်စွာငိုယိုနေမှုကိုတားမြစ်နေရသော်လည်း Jungအပေါ်သံယောစဉ်ရယ်အတော့်ပင်ရှိတာမို့ သူမပါလို့်ငိုလေတော့သည်။
သူမငိုလေတော့ နောက်ကရံရွှေတော်တို့ကပါလိုက်ငိုကြရာ ရေကန်းဘေးတွင်ငိုသံတို့ဖြင့်ဆူညံသွားရတော့သည်။
ထိုတွင် ဘယ်ကပင်ရောက်လာမှန်းမသိတဲ့ မိဖုရားYo..။
သူမဟာ စုန်းမတစ်ယောက်အလားဒုက္ခပေးဖို့ဆိုအလင်းထက်ပင်မြန်လွန်းစွာရောက်,ရောက်လာတတ်သည် ။
အခုတွင်လည်း စိတ်ဓာတ်ကျအားငယ်နေသူJungရှေ့မှောက်အား ရောက်လာပြန်သည်။
ထို၌ Jungရံရွှေတော်တို့မှာ သူမတို့မျက်နှာပေါ်ကမျက်ရည်တွေအား အလျင်အမြန်သုတ်၍ခေါင်းတွေကိုအောက်ငုံ့သွားကြသည်။
သူမတို့မှာ မိဖုရားYoရဲ့စိတ်ဓာတ်ညံ့ဖျင်းမှုကိုတစ်နေ့ထက်တစ်နေ့ပိုသိလာရပြီမို့ မိဖုရားYoကိုအရင်ကလိုလေးစားချင်စိတ်ပင်မရှိတော့ ။
ရွံရှာစိတ်တွေတောင်မိဖုရားYoအပေါ်ရှိလာရသလိုပင်။

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Où les histoires vivent. Découvrez maintenant