| ၁၄ |

464 90 27
                                    

မိဖုရားYo...

Banတိုင်းပြည်ရဲ့ လျှို့ဝှက်မိဖုရား။
ဘာလို့လျှို့ဝှက်မိဖုရားလဲဆို သူမကBanတိုင်းပြည်မှာအမြဲမရှိသလို လူသိရှင်ကြားထိမ်းမြှားထားခြင်းလည်းမဟုတ်။
Banမင်းကြီးနဲ့ မတော်တဆမှားယွင်းမိကြရာကနေ.. မဟုတ်ဘူး Banမင်းကြီးကိုချုပ်ကိုင်ပြီး Kimတိုင်းပြည်ကိုသိမ်းယူဖို့အတွက် Banတိုင်းပြည်ကိုလာရောက်ကာ မိဖုရားYoက Banမင်းကြီးနဲ့မှားယွင်းမိအောင်လုပ်ခဲ့ခြင်း။
တုံးအတဲ့ Banမင်းကြီးသည်လည်း မိဖုရားYoထိန်းကွပ်မှုအောက်မှာ နေခဲ့ရသလို Kimတို့ကိုပုန်းခိုတိုက်ခိုက်ဖို့ လုပ်ခဲ့ရခြင်းရဲ့ဒုတိယအချက်ကလည်း မိဖုရားYo၏တိုက်တွန်းမှုကြောင့်သာ။
Jungကို လေးနဲ့ပစ်ပြီး Banမင်းကြီးကိုသေတွင်းပို့တာလည်း မိဖုရားYoဖြစ်သလို Jungဒဏ်ရာကိုပိုဆိုးအောင်လုပ်တာကလည်း မိဖုရားYoပင်။

မိဖုရားYoသည်Jungရဲ့ဒဏ်ရာကိုပိုဆိုးသထက်ဆိုးအောင်လုပ်နေချိန် တည်းခိုဆောင်အပြင်ဘက်က ခြေသံတွေကြားလာရတာမို့ အမြန်ပုန်းခိုဖို့နေရာရှာရသည်။
ယုတ်မာကောက်ကျစ်သူပီပီ ညဏ်လည်းပြေးသဖြင့် သူမ,မပုန်းခင် Jungလက်ကိုကိုင်၍ ဒဏ်ရာဆီထိုးနစ်ခဲ့လိုက်သေးသည်။
ဘာလို့အဲ့သည်လိုလုပ်ရသလဲဆို သူမJungကိုနှိပ်စက်စဉ် မူမမှန်တဲ့Jungအပြောအဆို၊ အမူအရာတို့ကြောင့်။
အဲ့အချိန်မှာပဲ သူမသတိထားမိခဲ့တာကJungဟာ ပုဲမှန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ။

ပုန်းခိုစရာခုတင်အောက်အပြင်တခြားနေရာမရှိတာမို့ မိဖုရားYoသည် Kimမလာခင်မှာပဲခုတင်အောက်ကိုဝင်ပုန်းလိုက်သည်။
သူမပုန်းနေစဉ် ကြားရသည့်Kimရဲ့ ချော့မော့နေတဲ့စကားတွေကြောင့် သူမအမှန်ကိုအံ့ဩသွားခဲ့တာ။
ဘယ်တုန်းကမှ တပါးသူအပေါ်အဲ့သည်လောက်နူးညံ့မနေတတ်တဲ့ Kim ဟာJung ကိုမှနူးညံ့ကြင်နာနေတာက အရမ်းအံ့ဩစရာလေ။
သူမအပေါ်တောင် အဲ့လောက်မဟုတ်ဘူး။

ခနကြာတော့  တည်းခိုဆောင်ကနေထွက်သွားကြတဲ့သူတွေကြောင့် မိဖုရားYoလည်းမည်သူမှမသိခင် တိတ်တိတ်ကလေးထွက်လာလိုက်သည်။

သူမအဆောင်ဆီသွားနေစဉ် မိဖုရားYoမှာသွေးစတွေနဲ့ ညစ်ပတ်နေတဲ့သူမလက်ကို မလုံမလဲဖြစ်နေရသည်။
မဟုတ်တာလုပ်ထားတဲ့သူအတိုင်း စိတ်ဖြောင့်ဖြောင့်မနေနိုင်ဘဲ ပတ်ဝန်းကျင်ကို ကျီးကန်တောင်မြောက်ကြည့်နေရသည်။
ထိုကြည့်နေတဲ့ကြားကနေ ကံဆိုးချင်တော့  ပြေးလာတဲ့သမားတော်Parkနဲ့ဝင်တိုက်မိလေသည်။

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now