| ၂၃ |

412 78 16
                                    

" ကိုယ်လုပ်တော်Jungမရှိတော့ဘူး..."

နားစည်ထဲတိုးဝင်လာ‌သည့် တိုးလွန်းသည့်အသံ။
Kimနားထဲသံရည်ပူတွေလောင်းချလိုက်သလိုပဲ။
ပတ်ဝန်းကျင်မှလည်း လေတိုးသံတဝီဝီမှလွဲလို့ ဘာအသံမှမကြားရတော့သလို..အမြင်တွေကလည်း မှုန်ဝါးဝါးနဲ့မြင်ရသည်များက နှစ်ထပ်ဖြစ်လာသလိုနှယ်။
Kimမှာခေါင်းထဲတရိပ်ရိပ်ဖြင့် မူးဝေလာရသည်။
ရှေ့ကParkကိုလည်း Kimမှာသေချာမမြင်ရတော့ ။
အခုမှနာလာသည့်ဗိုက်ကလည်း တဆစ်ဆစ်ဖြင့်..ဒါတင်မဟုတ်ဘဲ ရင်ဘတ်ထဲကနှလုံးသားဟာလည်း သွေးစိမ်းရှင်ရှင်ထွက်နေသလိုသိပ်အောင့်တက်လာရသည်။
Kimမှာအံကိုတင်းတင်းကြိတ်လို့ နာကျင်မှုတွေအားတောင့်ခံထားရသည်။

ဆုတောင်းခဲ့ပါလျက်နဲ့ ဖြစ်မလာခဲ့ပါ။
ဘာကြောင့်လဲ တစ်ခါမှတောင်းဆုရယ်မပြုဖူးဘဲ ခလုတ်ထိမှ'တ'မိလို့ မဖြည့်ဆည်းပေးရတာလား။
နာကျည်းသည်...တခုလေးပါပဲ ချစ်ရသူအသက်လေးမသေစေချင်ခဲ့ရုံပဲ။
ကိုယ့်အသက်ကိုယူသွားခဲ့တောင် Kimအခုလောက်နာကျည်းမိမှာမဟုတ်။
လောကကြီးကို နာကျည်းသည်...ကံကြမ္မာဆိုတာကိုလည်းKimနာကျည်းသည်။
မုန်းသည်။
ပြီး Jungသာမရှိရင် Kimအသက်မရှင်ချင်ပါ။

" ကိုယ်လုပ်တော််Jungက သူက.. "

#ဗုန်း!

" မင်းကြီး!!"

Parkအစအဆုံးကို မရှင်းပြပြီးခင်အရုပ်ကြိုးပျက်လဲကျသွားတဲ့Kim။
Parkမှာ ကိုယ့်မျက်စိရှေ့တင်လဲကျသွားသူကို မဖမ်းဆုပ်နိုင်ခဲ့။
မြေပြင်ပေါ်ကျရောက်သွားကာမှ အော်ဟစ်ရင်းKimအနားသွားထူရသည်။
အနားရှိKimအမှုထမ်း‌တွေကလည်းအကုန်လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီး Kimအနားကိုရောက်လာကြသည်။

" အရှင်မင်းကြီးသတိထားတော်မူပါ.!!  သမားတော်,မင်းကြီးကို ကယ်တင်ပေးတော်မူပါ.!! "

" ဟို.. အားလုံးမင်းကြီးကိုနန်းဆောင်ဆီအမြန်ခေါ်ကြပါ... မြန်မြန်လုပ်ကြပါ.!"

Parkရဲ့ ထစ်တီးထစ်ငေါ့စကားအဆုံးအမှုထမ်းထဲမှ ကိုယ်ရံတော်ဆိုသူကKimကို'မ'ချီကာ နန်းဆောင်ဆီအပြေးသွားရာ အားလုံးနန်းဆောင်ဆီပြေးလိုက်ရသည်။
အားလုံးက သူတို့၏မင်းကြီးKimအားအတော်ကိုပူပန်နေကြရသည် ။
Kimသည် ရက်စက်တတ်သော်လည်းသူတို့အပေါ်လိုလေသေးမရှိအောင်ကို ထောက်ပံ့ပေးတတ်သည်။
တိုင်းသူပြည်သားတွေကမင်းဆိုးဟု သမုတ်ကြသော်လည်း တိုင်းသူပြည်သားတွေရဲ့အဓိကအားကိုရာကား Kimသာဖြစ်ပေသည်။
ဘာ့ကြောင့်ဆို ရဲစွမ်းသတ္တိဟူလည်းပြည့်စုံ ၊ ညဏ်ရွှေတော်ကလည်းထက်သဖြင့် Kimဦးစီးသောစီးပွားရေးဟာရွှေရောင်တလဲ့လဲ့တောင်တောက်ပနေသည်မဟုတ်လား။
အခုလိုတိုင်းပြည်ကိုရွှေရောင်ထွက်အောင်အထိလုပ်ကိုင်‌နိုင်သော Kimကို တိုင်းသူပြည်သားတို့မှာစွန့်လွတ်ဖို့အစီအစဉ်မရှိ။
သို့သော် Kimရဲ့ရက်စက်တတ်သည့်အကျင့်ကြောင့်မင်းဆိုးဟူ၍တော့ခေါ်တွင်ဆဲသာ။

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Wo Geschichten leben. Entdecke jetzt