| ၂၅ |

821 100 30
                                    

Joon အမှောင်ပျိုးလာသည့်ပတ်ဝန်းကျင်ကြောင့် စားတော်ပွဲပြင်ရန်ပြင်ခိုင်းဖို့ကုန်းကုန်းအားတာဝန်ပေး၍ Kimကိုသွားနိုးရန်အခန်းထဲဝင်လိုက်သည်။
ထိုတွင် အစောကဖတ်ခဲ့သည့်ဝတ္ထုတိုထဲပျော်ဝင်နေခဲ့သည့်ကြည်နူးစရာစိတ်လေးတွေတောင် ဘယ်ဆီရောက်သွားတယ်ရယ်မသိပါ။
မြင်လိုက်ရသည့်မြင်ကွင်းကား Joonအားအသက်ရှုကြပ်စေ၏။
ခတ္တမျှမလှုပ်ဘဲငြိမ်နေမိပြီး တကယ့်အရေးပေါ်အခြေအနေမှJoon ဓားကိုရင်ဘတ်ဆီထိုးသွင်းဖို့ပြင်နေသောKimဆီအပြေးတပိုင်းသွား၍ တားမြစ်မိသည်။
Joon ,Kimရဲ့ဓားကိုအမြန်ဆွဲလု၍ အဝေးဆီလွှင့်ပစ်လိုက်သည်။
ထို၌ မျက်ရည်တွေနဲ့ပိတ်လျက်ရှိသောမျက်လုံးအစုံက ဖျတ်ကနဲပွင့်လာပြီးအနီရောင်လွှမ်းနေတဲ့အကြည့်တွေနဲ့ Joonကိုကြည့်လာတော့ Joonသည် Kimအား...

" မလုပ်သင့်တာတွေဘာကြောင့်လုပ်နေရတာလဲ Kim Taehyung! "

" ငါကိုယ်တော်ကိုဘယ်လိုခေါ်လိုက်တာလဲ.! ငါကိုယ်တော်ရဲ့အစီအစဉ်ကိုသင်ဘယ်လိုသတ္တိနဲ့ဖျက်စီးရဲတာလဲ ဦးရီးတော်.!!"

နမည်အပြည့်အစုံကိုဒေါနှင့်မောနှင့်ခေါ်၍ဆူလိုက်သည့်Joonအား ခတ်ခတ်ထန်ထန်ပြန်ပြောလာသူဟာ Joon၏လည်ပင်းကိုဆွဲညှစ်ထားသည်။
သွေးကြောတွေပြိုင်းကာထနေသော လက်များဖြင့်ဖိညှစ်ခံထားရသော Joonမှာတော့အသက်ရှုရသည်ပင်ခက်ခဲလျက်။
Joonမျက်နှာမှာစက္ကန့်အကြာမှာပင်သွေးရောင်လွှမ်းလာပြီး နထင်ရှိသွေးကြောများကပေါက်ထွက်မလိုဖြစ်လာသည်။
ထို့ကြောင့် အင်အားကြီးလွန်းလှသူ၏လက်တွေကို Joonကုတ်ဖဲ့၍လွှတ်ခိုင်းရသည်။

" အစ်.! လွှတ်.!  "

"..."

"ကိုယ် အစ်~ လုပ် တော်Jung မ သေ ဘူး"

" ဘ ဘယ်လို??"

Joonသူ၏လည်ပင်းကိုချက်ချင်းတန်းလွတ်၍ မျှော်လင့်ချက်အရောင်သန်းလာတဲ့မျက်ဝန်းတွေနဲ့တအံ့တသြမေးလာသည့်Kimကို အစကJungကိစ္စကိုပြောပြဖို့Joonမှာအစီအစဉ်မရှိခဲ့။
Jungကိုသေသွားပြီလို့ပဲထင်စေချင်ခဲ့တာ။
ဘာကြောင့်ဆို Joonမြင်ရသလောက်နှစ်ယောက်လုံးကအတ္တတွေနဲ့နေထိုင်ကြတဲ့သူမို့ တည့်ဖို့လမ်းစရယ်မမြင်။
နောက် Jungသာနန်းတော်ထဲဆက်ရှိနေရင် အရမ်းပင်ပန်းရမယ်မလား။
နန်းတော်ထဲနေခဲ့စဉ်ကာလပတ်လုံး Jungပြုံးပျော်ဖူးတဲ့နေ့ရက်ရယ်လို့ရှိခဲ့လား။
ရှိတယ်ဆိုတောင် အဲ့တာKimကြောင့်မဖြစ်နိုင်ဘူး။
Kimလိုလူက Jungကိုပျော်စေနိုင်မှာမဟုတ်ဘူး။
ဒါကJoonအမြင်သက်သက်ပါ။

You've reached the end of published parts.

⏰ Last updated: May 04, 2023 ⏰

Add this story to your Library to get notified about new parts!

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now