| ၂၄ |

403 88 22
                                    

" ဟဟ မသေပါဘူးဆို~~"

ရယ်သံဖြင့်ဆိုနေပါသော်လည်း ရုတ်တရက်မျက်လုံးတွေမှိတ်ကျသွားသူကြောင့် Jungခေါင်းထဲသွေးမလျှောက်တော့သလို ဘာမှကိုမတွေးနိုင်တော့။
တကယ်မြန်းသေသွားသည်လားဟူ၍ ရင်တထိတ်ထိတ်နှင့် တစက်စက်လှုပ်နေသည့်လက်ဖြင့် Kimရက်ဘတ်ဆီစမ်းကြည့်မိသည်။
သို့သော် ခုန်နေသောနှလုံးကြောင့်Jungမှာ ဟူးခနဲသင်ပြင်းချမိ၏။
စိတ်သည်တော့ပူနေဆဲ။
ကမ္ဘာပေါ်မှာ ကိုယ်သတ်သည့်သူသေမှာဆိုးရွံ့သည့်သူJungတစ်ယောက်သာရှိလိမ့်မည်။

Jungသက်ပြင်းချစဉ်က ကပ်ပါလာခဲ့သည့်မျက်ရည်စတွေကိုသုတ်၍ Kimရင်ဘတ်ပေါ်တင်ထားသည့်လက်ဖြင့် Kim၏မျက်နှာထက်ကဆံပင်တွေကိုဖယ်ရှားပေးရင်း ပြေပြစ်သည့်နဖူးပြင်အားခပ်ဖွဖွကလေး နမ်းရှိုက်လိုက်သည်။
ထိုတွင် Jungနှလုံးအိမ်ထဲစီးဝင်လာသည့်ပိုင်ဆိုင်လိုစိတ်တွေ..။
Jung Kimကိုပိုင်ဆိုင်ချင်မိနေပြီထင်ရဲ့။
အချစ်ရဲ့နောက်မှာအမြဲကပ်ညှိတတ်တဲ့ပိုင်ဆိုင်လိုစိတ်ရှိနေပြီဆိုတော့ Jung Kimကိုချစ်နေတာအမှန်ဖြစ်နေလောက်ပါပြီ။

ခပ်ဖွဖွကလေးဆိုသည့်အနမ်းဟာ အချိန်အတော်ကြာသွားသည်။
ထိုသည်က အဆောင်ထဲကုန်းကုန်း၏‌ကျယ်လောင်သောအော်သံကြောင့်သာ ပြီးဆုံးသွားခဲ့သည်။

" မင်းကြီး!!..မင်းကြီး.!!. မင်းကြီးကိုလုပ်ကြံတဲ့ကိုယ်လုပ်တော်‌Jungကိုဖမ်းဆီးကြစမ်း!"

" ကျွန်ုပ်သေရတော့မယ်ထင်တယ်~ ဟက်! "

အမှုထမ်းအများအပြားကကိုယ့်လက်တွေကိုဆွဲ၍ Kimနဲ့ခွာ‌စေကာအကျဉ်းအဆောင်ဆီဦးတည်ခေါ်သွားတဲ့ကြားကနေပါးစပ်ဖျားလေးကနေထိုသို့တိုးညှင်းစွာJungရေရွတ်လိုက်မိ၏။
အဆောင်တော်ထဲကမထွက်မှီအထိ Jungမေ့မျောနေသူKimကို လှည့်ကြည့်ခဲ့ပါသေးသည်။
ဒါကနောက်ဆုံးမြင်တွေ့ရခြင်းသာဖြစ်လေမှာ။
Jungသိပါသည်.. ဘယ်လိုအပြစ်တွေကျူးလွန်ထားရင်ဘယ်လိုခံရမည်ဆိုတာ။
အခုလည်း မိဖုရားတစ်ပါးကိုသတ်.. တိုင်းပြည်ရဲ့အညှာမင်းကြီးဖြစ်သူရဲ့အသက်အန္တာရယ်ကိုပြုခဲ့မိတာဆိုသောခါ လည်စင်းပေးကာသေပေးရုံမှအပမရှိတော့ပေ။
Jungဘဝက အစက‌နေအဆုံးထိခါးသီးလှပါသည်။
ငယ်စဉ်ကာလမှာလည်း ခမည်းတော်ဟုမှတ်ထင်ထားသူဦးလေးအရင်း၏ဖျက်စီးမှုကိုခံရပြီး ကြီးလာတော့လည်း ကိုယ်တိုငါကယောက်ျားဖြစ်ပါလျက်ယောက်ျားသားတစ်ယောက်ရဲ့ကိုယ်လုပ်တော်ဘဝကိုရ။
ပြီး တိုက်ဆိုင်မှုတွေကြောင့်နိုးထလာသည့်အိမ်မက်ဆိုးတွေကြား Jungဟာအခုထိမကင်းလွတ်နိုင်သေး။
အချစ်ဆုံးသူသည်လည်း ကိုယ့်အတွက်ဖြစ်သေရ၍ အခုကိုယ်သည်လည်း လုပ်ကြံမှုဖြင့်သေရအုန်းမည်။
Jungဘဝလောက်ခါးသီးမှုတွေရှိမယ့်လူ တခြားသူရှိမှာပင်မဟုတ်။
လူ(၁၀၀)မှာ (၅)ယောက်သာရတဲ့ကံဆိုးမှုမှာJungသည် ပါဝင်နေ၏ ။
ဘဝဟာသိပ်ဆိုးပါသည်။

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now