| ၁၁ |

620 97 43
                                    

အခုJungတို့ရောက်နေတဲ့နေရာလေးဟာ (Hunkim)လို့ခေါ်တဲ့ Kimတိုင်းပြည်ရဲ့အစွန်းဆုံးဒေသပင်။
တောင်တန်းတွေနဲ့ကာရံထားတဲ့အပြင် စမ်းချောင်းတွေကလည်း ဒေသ၏ပတ်ပတ်လည်မှာမို့အတော်သာယာတယ်လို့ဆိုရမည်။
သို့သော် မြေဆီလွှာသည်စိုက်ပျိုးရန်အတွက်ကောင်းမွန်ခြင်းအလျင်းမရှိတာမို့ ဆန်၊စပါး၊ဂျုံ အားလုံးကရှားပါးသည်။
တချို့သီးပင်၊စားပင်လေးအနည်းငယ်သာရှိ၍ ဒေသသူ၊‌ဒေသသား‌(၁၀၀)ကျော်လောက်သည် ထိုမလောက်မငှအစားအစာတို့ဖြင့်ရှင်သန်နေရသည်။
တောင်ပေါ်တောထွက်လိုက်တဲ့သူလည်းမရှိတာမို့အသားဆိုလို့ငါးတစ်မျိုးသာရပြီး ထိုငါးသည်လည်းပေါပေါသီသီရယ်မဟုတ်။
တစ်အိမ်ထောင်တစ်ကောင်နှုန်းတောင် မလောက်ငှပေ။
ထို့ကြောင့် ဒေသသူ၊ဒေသသားတချို့က တခြားသောဒေသသို့ပြောင်း‌ရွေ့ကုန်ကြသည်။
သည်ဒေသသည် Kimတိုင်းပြည်ထဲအဆင်းရဲဆုံးဒေသတစ်ခုလို့ပြောရမည်။

" ကိုယ်တော်နဲ့အတူတည်းမလား ကိုယ်လုပ်တော်Jung.?"

စမ်းချောင်းစိမ်းစိမ်းလေးကို ငေးကြည့်စဉ်ထွက်ပေါ်လာသည့်အသံဟာ နန်းတော်ထဲကအတိုင်းဩဇာအပြည့်နှင့် ။
ချက်ချင်းမှီခိုပစ်ချင်ရလောက်အောင် အနောက်ကအသံသည်ဆွဲဆောင်မှုရှိသည်။
သို့သော် Jungဟာယောက်ျားသားပေမို့ တခြားယောက်ျားကိုမှီခိုတန်ရာမရှိ။
Jungသည်သာ မှီခိုရာကြီးဖြစ်အောင်ကြိုးစားမှာ။

" ကျွန်ုပ်တခြားသူတစ်ယောက်နဲ့အတူ မနေတတ်ဘူး.."

အ‌နောက်ကို လှည့်၍လေသံအေးအေးနဲ့ဖြေတော့ မြင်ရသည်ကပြုံးနေရာကနေရုတ်ချည်းအေးစက်သွားတဲ့Kimမျက်နှာ။
ဘာကိုအလိုမကျသည်မသိ။
မျက်ခုံးတွေကလည်း အလယ်ဆီကျုံ့ဝင်လာပြီး ဘာကိုဖြစ်စေချင်သည်မသိ။

" ငါကိုယ်တော်က တခြားတစ်ယောက်လား?
ငါကိုယ်တော်ကကိုယ်လုပ်တော်Jungရဲ့ ပိုင်ရှင်လေ။ တခြားတစ်ယောက်မှမဟုတ်ဘဲကို.."

တည်ကြည်နေတဲ့အသံပေမယ့် Jungမကြိုက်။
Jungဟာ Kimအပိုင်မဟုတ်သလို KimကJungရဲ့ပိုင်ရှင်လည်းမဟုတ်ပါ။
Jungကကိုယ်လုပ်တော်တစ်ပါးပေမယ့် ဘယ်သူ့ဘယ်သူကိုမှ မှီခိုရပ်တည်နေတာမဟုတ်ဘူး။
Jung ကိုယ်လုပ်တော်ဖြစ်လာပါပြီဆိုကတည်းကKimပိုင်တဲ့ဟာတွေကို မတို့မထိခဲ့တာ Jungသာအသိ။
နောက် Jungက Kimရဲ့အပိုင်မဖြစ်ချင်ဘူး။
အကယ်လို့ဖြစ်နေရင်လည်း ရုန်းထွက်ချင်တယ်။
ဘာ့ကြောင့်ဆို Jungမှာမာနနဲ့ရောတဲ့ အတ္တရှိတာမို့။

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now