“နဉ်ရှီ...” စွန်းယွီဟန်က သူမ၏မေးခွန်းကို စိတ်ထဲကပြင်နေရင်း တံတွေးမျိုချလိုက်သည်။ “တို့ မင်းကို ဂုဏ်မပြုပေးရသေးဘူးနော်! ငါတို့ရှီရှီရဲ့နှလုံးသားကို အောင်နိုင်သွားတဲ့ ကံကောင်းသူလေးက ဘယ်သူပါလိမ့်?”

“ကျေးဇူး” နဉ်ရှီကပြုံးလိုက်ပြီး သူမမျက်နှာကိုဖုံးလိုက်သည်။ “သူကကံကောင်းတယ်လို့ ကျွန်မလည်းထင်မိတယ်”

နဉ်ရှီက သူမ၏အချစ်ရေးကို တရားဝင်ချပြပြီးဖြစ်၏။ ထိုသတင်းက နာရီအနည်းငယ်အတွင်းမှာပင် ဖျော်ဖြေရေးလောကတစ်ခုလုံးကို ပျံ့နှံ့သွားလေပြီ။ မိတ်ကပ်ပညာရှင်များကိုယ်တိုင်လည်း ထိုအကြောင်းကို မမေးရဲကြပေ။ သို့ပေမယ့် စွန်းယွီဟန်က ထိုကိစ္စအကြောင်း ပြောလာသည်ကို တွေ့လိုက်သည်နှင့် သူတို့လည်း ပြောင်ပြောင်တင်းတင်းပင် အဲ့ဒီကိစ္စရဲ့ ကောင်းတာလေးတွေကို တမင်ပြောရင်း စတင်ဆွေးနွေးလာကြတော့သည်။

အခန်းထဲတွင်ရှိနေသောလူများက မပိန်းကြ‌ပေ။ အခုချိန်မှာ နဉ်ရှီက မကျော်ကြားတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော် ‘Tán Hǎixiān jì’ ရုပ်ရှင်ထုတ်လွှင့်သည်နှင့် ၎င်းရုပ်ရှင်က box office မှာ အံ့ဩဖွယ်ကောင်းစွာ အရှုံးပေါ်သွားလျှင်တောင် နဉ်ရှီကတော့ သူမ၏သရုပ်ဆောင်စွမ်းရည်နှင့် ကျော်ကြားသွားမှာပင်။

အမှန်မှာ နဉ်ရှီသည် ဖျော်ဖြေရေးလုပ်ငန်းတွင် ထိပ်ဆုံးအဆင့်ထိပင် မြင့်တက်သွားနိုင်သည်။

နတ်မိမယ်ချင်းယန်၏ကဏ္ဍဟာ အမှန်ပင် အရေးပါလွန်းပြီး ပရိသတ်တွေ ဆွဲဆောင်ခံရသော ဇာတ်ကောင်လည်းဖြစ်သည်။ ဤသည်က သင့်လျော်သော သရုပ်ဆောင်တစ်ယောက်ရဖို့အရေး ဒါရိုက်တာချင်းတစ်ယောက် အချိန်နှင့်လုံ့လတွေ အများကြီးစိုက်ထုတ်ထားရပြီး နောက်ဆုံး၌ နဉ်ရှီကို ရွေးချယ်လိုက်ရသည့် အကြောင်းအရင်းပင်။

ဒါ့အပြင် EQမြင့်ပြီး အောင်မြင်မှုအတွက် ကံပါလာတဲ့သရုပ်ဆောင်တစ်ယောက်နဲ့ ဘယ်သူက ဆက်ဆံရေးကောင်းမတည်ဆောက်ချင်ဘဲ ရှိမလဲ?

စွန်းယွီဟန်နှင့်နဉ်ရှီသည် ဆက်ဆံရေးကောင်းတစ်ခုရှိပေမယ့် ထိုညတွင်တော့ သူမဟာ နဉ်ရှီအပေါ် သာမန်ထက်ပိုပြီး နွေးထွေးပျူငှာစွာ ပြုမူခဲ့သည်။ တခြားလူတွေက ခြားနားမှုကို သတိမမူမိလောက်သော်လည်း နဉ်ရှီကတော့ ရှင်းရှင်းလင်းလင်းကိုပင် ခံစားမိလေ၏။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now